Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ် လိုင်ချီး ဂျပန်သို့ တင်ပို့ခွင့် ရရှိ

ဗီယက်နမ် နိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် အခက်အခဲအမျိုးမျိုး ရှိနေတဲ့ကြားမှာ စိုက်ပျိုးရေး ထုတ်ကုန် ကုန်သွယ်ရေးကို မြှင့်တင်နိုင်ခဲ့ပါတယ်။

ပို့ကုန်ဈေးကွက်တွေကို ချဲ့ထွင်နိုင်ခဲ့လို့ ယခုနှစ် ပထမ ၇ လအတွင်းတိုင်းပြည်မှာ ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ ၃.၉ ဘီလျံ ရရှိစေခဲ့ပါတယ်။

 

လိုင်ချီးသီး တင်ပို့ခြင်း

အဲဒီ ၇ လအတွင်းမှာ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍမှာ ဖြစ်ပေါ်ခဲ့တဲ အရောင်းအဝယ်တွေထဲမှာ ထူးထူးခြားခြား တစ်မျိုးက လိုင်ချီးသီးတွေ ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ကတိကဝတ်တွေ၊ ဂျပန်နိုင်ငံမှ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ အာမခံချက်တွေနဲ့အတူ ဂျပန်အာဏာပိုင်တို့က ဗီယက်နမ်မှာ ကွာရင်တိုင်းစစ်ဆေးမှု လုပ်ကိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

အွန်လိုင်းမှ တစ်ဆင့် ဂျပန်အာဏာပိုင်များနဲ့ အဆက်မပြတ် လုပ်ကိုင်လျက် ရှိပြီး အွန်လိုင်းမှတစ်ဆင့် စစ်ဆေးမှုတွေကိုလည်း ခံယူပါတယ်။ လုပ်ငန်းများအနေဖြင့် အောင်မြင်စွာဖြင့် လိုင်ချီးသီးများ တင်ပို့နိုင်ဖို့ လက်ခံပေးနိုင်တဲ့ အခြေအနေတွေ ဖြစ်ထွန်းအောင် လုပ်ကိုင်ပေးနိုင်ခဲ့လို့ ၂၀၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံသို့ ဗီယက်နမ်မှ လိုင်ချီးသီးများ စတင် တင်ပို့နိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံနဲ့လည်း ပိုမွှားအကြွင်းအကျန်များသုတ်သင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းပြီး ငရုပ်သီး ပို့ကုန် ပြန်လည်လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။
လတ်ဆတ်သစ်သီးများ တင်ပို့ရန်အတွက် ရင်ဆိုင်နေရတဲ့ ပြဿနာမျာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းပေးခဲ့ပါတယ်။ ဗီယက်နမ် စိုက်ပျိုးရေး ထုတ်ကုန်များ တရုတ်ဈေးကွက်ထဲသို့ တင်ပို့နိုင်ဖို့ တံခါးဖွင့်ပေးထားဖို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါတဘ်။ အထူးသဖြင် လိုင်ချီးသီးနဲ့ ကစွန်းဉများ တင်ပို့နိုင်ရေးအတွက် ဖြစ်ပါတယ်။

 

မွေးမြူရေးတိရစ္ဆာန်ထုတ်ကုန်များ
စက်ရုံတွေမှ ထုတ်လုပ်တဲ့ နို့နှင့် နို့ထွက်ပစ္စည်း၊ ငှက်မွေးအမျိုးမျိုး၊ ငါးစာ၊ ငါးအဆီတို့ တရုတ်နိုင်ငံသို့ တင်ပို့နိုင်စေရေးအတွက်လည်း ထောက်ကူပေးခဲ့ပါတယ်။ ရုရှားနိုင်ငံသို့ ချက်ရန်အသင့်အဆင့်ဖြင့် ကြက်သား တင်ပို့နိုင်ရေးကိုလည်း လုပ်ဆောင်ပေးခဲ့ပြီး ရုရှားမှ ကြက်သားထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို အတည်ပြု ခွင့်ပြုပေးခဲ့ပါတယ်။

မွေးမြူရေးတိရစ္ဆာန်ထုတ်ကုန်များ အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် ဈေးကွက်တံခါး ဖွင့်ပေးဖို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ အွန်လိုင်းစစ်ဆေးခြင်း ပြုလုပ်ပြီး ငါးခူများကို အမေရိကန်သို့ လုပ်ငန်း ၁၃ ခုမှ တင်ပို့ခွင့် ရရှိခဲ့ပါတယ်။ အလားတူ ရုရှားနိုင်ငံသို့ တင်ပို့ရန် လုပ်ငန်း ၁၈ ခုနဲ့ တောင်ကိုရီးယားသို့ တင်ပို့ရန် လုပ်ငန်း ၁၃ ခုတို့လည်း တင်ပို့ခွင့် ရရှိခဲ့ကြပါတယ်။


Source: Agroberichtenbuitenland

Read times Last modified on Monday, 23 August 2021 15:21
Rate this item
(0 votes)