Japan
ဂျပန်ခုံးကောင်များ ဗီယက်နမ်တွင် ပြုပြင်စီမံဆောင်ရွက်
ဂျပန်ခုံးကောင်များ ဗီယက်နမ်တွင် ပြုပြင်စီမံဆောင်ရွက်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဂျပန်ပင်လယ်စာကုမ္ပဏီများသည် ဟော့ကိုင်းဒိုးမှ ခုံးကောင်များကို ဗီယက်နမ်သို့ တင်ပို့ပြီး ပြုပြင်စီမံဆောင်ရွက်မည်ဖြစ်သည်။ ထို့နောက် ကုန်ချောကို ဂျပန်နိုင်ငံသို့ ပြန်လည်တင်သွင်းမည် ဖြစ်သည်။
.
ဂျပန်မှ ပင်လယ်စာ အွန်လိုင်းလက်လီရောင်းချသည့် Foodison သည် လက်ကားရောင်းချသည့် Ebisu Shokai နှင့် Ocean Road နှင့် Nosui တို့ အပါအဝင် ကုမ္ပဏီများနှင့် ပူးပေါင်းကာ အခွံမခွာရသေးသော ခုံးကောင်များ တန် ၂၀ ကျော်ကို ကွန်တိန်နာတစ်လုံးဖြင့် ဗီယက်နမ်သို့ ပေးပို့ပြီး အစမ်းသဘောဖြင့် ဗီယက်နမ်မှာ ပြုပြင်စီမံဆောင်ရွက်မည် ဖြစ်သည်။
.
၎င်းအစီအစဉ်အရ Ebisu မှ ခုံးကောင်များကို Ocean Road ကုမ္ပဏီမှ ဝယ်ယူပြီး ဗီယက်နမ်သို့ တင်ပို့မည်ဖြစ်သည်။ ထို့နောက် ဗီယက်နမ်တွင် ခုံးကောင်များကို ပြုပြင်စီမံပြီး ကုန်ချောကို ဂျပန်သို့ ပြန်ပို့မည်။ ဂျပန်တွင် Foodison, Ebisu, Nosui တို့က ၎င်းကုန်ချော ခုံးကောင်များကို စားသောက်ဆိုင်များနှင့် လက်လီရောင်းချသူများထံ ရောင်းချမည်ဖြစ်သည်။
.
ဂျပန် ပင်လယ်စာ လုပ်ငန်းကြီးများသည် ပုစွန်နှင့် ကဏန်းတို့ကို ဗီယက်နမ်သို့ ပေးပို့ကာ ဗီယက်နမ်တွင် ပြုပြင်စီမံပြီးနောက် ဂျပန်သို့ ပြန်တင်သွင်းပြီး ဂျပန်တွင် ရောင်းချသည်။ ယခုအခါ ခုံးကောင်များကိုလည်း အလားတူ လုပ်ဆောင်မည် ဖြစ်သည်။
.
ယခုအခါ ဗီယက်နမ်တွင် အစမ်းသဘောဖြင့် ခုံးကောင်များကို လုပ်ကိုင်နေပြီး ရလဒ်အပေါ် မူတည်ကာ ဆက်လက် လုပ်ဆောင်ရန် သင့်မသင့် ဆုံးဖြတ်မည် ဖြစ်သည်။
.
ဗီယက်နမ်သို့ ပေးပို့ပြီး စီမံဆောင်ရွက်ရသည်မှာ ဗီယက်နမ်တွင် ဂျပန်ထက် လုပ်သားခ သက်သာသောကြောင့် ဖြစ်သည်။ ဗီယက်နမ် လုပ်သားခသည် ဂျပန်မှာ ကုန်ကျသည့် လုပ်သားခ၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းသာ ရှိသည်။ ပို့ဆောင်စရိတ်များ ကုန်ကျသည့်တိုင်အောင် ကုန်ကျစရိတ် သက်သာနေဆဲ ဖြစ်သည်။ နောက်ထပ် အကြောင်းတချက်မှာ ဂျပန်တွင် လုပ်သား အလုံအလောက် မရရှိနိုင်သဖြင့် ခုံးကောင်များ ပြုပြင်စီမံရန် စောင့်ဆိုင်းရသည်။ အချိန် ပိုပေးရသည်။ အအေးခန်းထဲ သိမ်းဆည်းထားပြီး စောင့်နေရမည့်အစား ဗီယက်နမ်သို့ ပေးပို့ပြီး လုပ်ကိုင်စေမည် ဖြစ်သည်။
.
အစားအစာဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာစံနှုန်းတစ်ခုဖြစ်သည့် Hazard Analysis Critical Control Points HACCP စနစ်အတွက် အသိအမှတ်ပြု လက်မှတ်ကို ဗီယက်နမ်မှ လုပ်ငန်းများ ရရှိထားသည်။ သို့ဖြစ်ရာ ကုန်ချော ခုံးကောင်များကို ဥရောပနှင့် အမေရိကန်သို့ ဗီယက်နမ်မှ တိုက်ရိုက်တင်ပို့ခွင့် ရှိသည်။
.
ဂျပန်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် အခွံမခွာထားသော ဂုံးကောင်များကို တန်ချိန် ၅ သိန်း ထုတ်လုပ်ခဲ့သည်။ တန်ချိန် ၁၄၀,၀၀၀ ကို တရုတ်သို့ တင်ပို့သည်။ ၎င်းတွင် တန်ချိန် ၁ သိန်းသည် အခွံခွာရန်အတွက် ပေးပို့ခြင်း ဖြစ်သည်။ အခွံခွာပြီးသား။ ခုံးကောင်များကို ဂျပန်သို့ ပြန်တင်သွင်းသည်။
ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ရေဆိုးများ ပင်လယ်ထဲသို့ စွန့်ထုတ်မှုကြောင့် ပင်လယ်စာများတွင် ရေဒီယိုသတ္တိကြွသည့် အန္တရာယ် ရှိနိုင်သည်ဟု ဆိုကာ တရုတ်အစိုးရသည် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စ၍ ဂျပန်ပင်လယ်စာ တင်သွင်းမှုကို ရပ်ဆိုင်းထားသည်။ သို့ဖြစ်ရာ ခုံးကောင်များကို အခွံခွာရန်အတွက် တရုတ်ပြည်သို့ ပေးပို့ဖို့ မဖြစ်နိုင်တော့ချေ။
ဂျပန်တွင်လည်း လုပ်သား အလုံအလောက်မရသဖြင့် အခွံခွာရန် ကြန့်ကြာနေသည်။ ဝယ်လိုအားကို အလျဉ်မီအောင် လုပ်ကိုင်ပေးနိုင်ခြင်း မရှိချေ။
သို့ဖြစ်ရာ ပြဿနာကို ဖြေရှင်းရန် ဗီယက်နမ်မှာ အစမ်းစလုပ်ကြည့်ခြင်း ဖြစ်ပါသည်။
Source Asia nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL