Japan



တူးနားငါး နှစ်သစ်ကူးလေလံ ကန်ဒေါ်လာ ၃ သိန်းနီးပါး ရရှိ ၂၀၁၉ ဈေးနှုန်းကို မမီ

တူးနားငါးတစ်‌ကောင် နှစ်သစ်ကူးလေလံ ကန်ဒေါ်လာ ၃ သိန်းနီးပါး ရရှိ ၂၀၁၉ ဈေးနှုန်းကို မမီ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Toyosu ငါးဈေးတွင် နှစ်သစ်ကူးလေလံပွဲ၌ ကြာသပတေးနေ့တွင် ဆူးတောင်ပြာ တူးနားငါးတစ်ကောင် ယန်း ၃၆ ဒသမ ၀၄ သန်း (အမေရိကန်ဒေါ်လာ ၂၇၃,၀၀၀) ရရှိခဲ့ပါသည်။

 

မနှစ်က ထိပ်တန်းဈေးနှုန်း ယန်း ၁၆.၈၈ သန်းထက် နှစ်ဆပိုများပါသည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်း ဆဌမမြောက် အများဆုံးဈေးနှုန်း ဖြစ်ပါသည်။

၎င်းတူးနားငါး အလေးချိန်မှာ ၂၁၂ ကီလိုဂရမ် ရှိပါသည်။

တိုကျိုမြို့အခြေစိုက် လက်ကားအရောင်း Yamayuki နှင့် Sushi Ginza Onodera စာသောက်ဆိုင် လုပ်ကိုင်သည့် ကုမ္ပဏီတို့က ပူးတွဲလေလံအောင်ခဲ့ကြသည်။

 

323418156_1294643271099342_634087967463015741_n.jpg

ယန်း ၃၆.၀၄ သန်းတန် တူးနားငါးပုံ

 

၂၀၁၉ ခုနှစ် နှစ်သစ်ကူးလေလံပွဲတွင် အလေးချိန် ၂၇၈ ကီလိုဂရမ်ရှိ ဆူးတောင်ပြာ တူးနားငါးတစ်ကောင်ကို ယန်း ၃၃၃.၆ သန်းဖြင့် လေလံအောင်ခဲ့ဖူးပါသည်။ သို့ဖြစ်ရာ ယခုယန်း ၃၆.၀၄ သန်းတန် တူးနားငါးထက်  ၉ ဆကျော် ဈေးပိုများပါသည်။

Source Bangkokpost 

 

TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 07 January 2023 08:03
Rate this item
(0 votes)