Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန် စားသောက်စရာကဏ္ဍက ဈေးရောင်းစက်များ အားကိုးအားထားပြု

ကွပ်ကီးမှ ခေါက်ဆွဲအထိ စားစရာအမျိုးမျိုး အကုန်လုံး ဈေးရောင်းစက်များ vending machines ဖြင့် ရောင်းချအောင်

ကိုဗစ်စိုးရိမ်ကြောင့်ကြမှုများက စားသောက်စရာလုပ်ငန်းကဏ္ဍကို ဆုံးရှုံးနေသည့် ဝင်ငွေ ပြန်ရဖို့ လမ်းဘေးမှာ ဈေးရောင်းစက်များ ထောင်ထားပြီး ရောင်းချအောင် တွန်းပို့ခဲ့သည်။


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည့်အရေးကို စိုးရိမ်ကြောက်ရွံ့ခြင်းသည် ဂျပန်ကို ဆက်လက် ချုပ်ကိုင်ထားဆဲ ဖြစ်သဖြင့် အေးလဲခေါက်ဆွဲပြုတ်နှင့် အခြား စားသောက်စရာများကို လမ်းဘေဈေးရောင်းစက်အမျိုးသစ်များ အသုံးပြုပြီး ရောင်းချကြသည်။ ဈေးရောင်းစက်မှာ ဝယ်ယူခြင်းသည် စတိုးဆိုင်မှာ ဝယ်ယူသကဲ့သို့ အခြားသူများနှင့် လူချင်းဆုံတွေ့ရခြင်း မရှိဘဲ တစ်ယောက်တည်း တသီးတသန့် ဝယ်ယူနိုင်သည်။ ယခင်ရောင်းနေကျ ဆိုင်များအစား ဈေးရောင်းစက်များဖြင့် ရောင်းချနိုင်သဖြင့် စားသောက်ဆိုင်လုပ်ငန်းများလည်း ဝင်ငွေ ရနေစေသည်။

Maruyama Seimen သည် ခေါက်ဆွဲဆိုင်လုပ်ငန်း ဖြစ်ပြီး လူအများတို့ ပိုးကူးမှာ ကြောက်၍ ဆိုင်မှာ လာမဝယ်ကြသည့်အပြင် အိမ်မှ အလုပ်လုပ်သူများကလည်း ဆိုင်သို့ လာမဝယ်ကြသဖြင့် ဈေးရောင်းစက်များ ထောင်ထားပြီး ရောင်းချခဲ့သည်။ လစဉ် ရောင်းချရသည့် အထုပ် ခုရေသည် ၁၀,၀၀၀ အထိ ရှိသည်။
သမားရိုးကျ ဆိုင်ဖွင့်ပြီး ရောင်းချစဉ်က ဆိုင်သို့ လာဝယ်ခြင်းကို ရှောင်ကြဉ်ကြသဖြင့် ရောင်းအား ၂၀% နီးပါး ကျဆင်းသွားခဲ့သည်။ အွန်လိုင်းမှ ရောင်းချသည့်အခါ ထုပ်ပိုးရခြင်းနှင့် အိမ်တိုင်ရာရောက် ပေးပိုရခြင်းတို့အတွက် အလုပ်ပိုပြီး စရိတ်တက်သည်။ ဝယ်ယူက ပို့ခ ကျခံရသည့်အတွက် မကျေမနပ် ပြောဆိုမှုများ ရှိသည့်အပြင် လာပို့သည့်အချိန်ကို စောင့်ဆိုင်းနေရခြင်းများအတွက်လည်း မကျေနပ်မှုမှား ရှိနေခဲ့သည်။ ဈေးရောင်းစက်များ ထောင်ပြီး ရောင်းချသည်က စရိတ်ငြိမ်းသည်။ ယခုအခါ ဒေသ ခုရေ ၃၀ တွင် ဈေးရောင်းစက်များ ထားရှိကာ ရောင်းချလျက် ရှိသည်။ ၂၀၂၂ ဘဏ္ဍာရေးနှစ်ကုန်တွင် နေရာ ၁၀၀ တွင် ဈေးရောင်းစက်များ ထားရှိပြီး ရောင်းချရန် Maruyama က ရည်မှန်းထားသည်။

ဈေးရောင်းစက်များသည် စားသောက်ဆိုင်များနှင် မတူသည်မှာ တစ်နေ့ ၂၄ နာရီပတ်လည်၊ တစ်ပတ် ၇ ရက်အပြည့် ဖွင့်ထားခြင်း ဖြစ်သည်။ ကိုဗစ်ကူးစက်မှု ကာကွယ်ရန် အာဏာပိုင်တို့က စားသောက်ဆိုင်များကို ယာယီအားဖြင့် ပိတ်ခိုင်းသည်များ ရှိသော်လည်း ဈေးရောင်းစက်များသည် အစဉ်အမြဲ ဖွင့်လှစ်ရောင်းချပေးနေသည်။ သို့ဖြစ်ရာ စားသောက်စရာလုပ်ငန်း ကဏ္ဍအတွက် ဝင်ငွေအမြဲရနေစေသည်။

ရောင်းချရသည့်ပစ္စည်းများ စာရင်းကို အဝေးမှ လှမ်းသိနိုင်ပြီး အရောင်းထိုင်သည့် အမျိုးအမည်များကို စက်မှ ဖယ်ရှားပြီး ရောင်းကောင်းမည့် အမျိုးအမည်များဖြင့် အစားထိုးပေးသည်။

ဆေးလိပ်ရောင်းအား ကျနေသည့်အတွက် Seibu Railway က ဘူတာရုံနှစ်ခုရှိ ဆေးလိပ် ဈေးရောင်းစက်များကို လက်ဖက်ခြောက်မအချောင်းဖြစ်သည့် "Chabacco" ရောင်းချသည့် စက်များအဖြစ် ပြောင်းလဲ အသုံးပြုသည်။ "Chabacco" အချောင်းသည် ဆေးလိပ်နှင့် ပုံသဏ္ဍာန်တူသည်ဖြစ်ရာ ပြောင်းလဲရောင်းချဖို့ လွယ်ကူသည်။

 

 

လက်ဖက်ခြောက်ကို Cha ဟု ခေါ်ဝေါ်ပေရာ tobacco စာလုံးကို Chabacco ဟု စာလုံးပေါင်း ပြောင်းလဲသုံးစွဲက အမည်ပေးထားခြင်း ဖြစ်သည်။ ဆေးရွက်ကြီးအစား လက်ဖက်ခြောက်ကို အသုံးပြုထားသည်။

Shonan Cookies ကလည်း ကွပ်ကီးရောင်းစက်များကို ဘူတာရုံများတွင် နေရာ ခုရေ ၁၃၀ တွင် ထားရှိပြီး ရောင်းချသည်ဖြစ်ရာ Shonan Cookies ၏ အဝါရောင် ဈေးရောင်းစက်များကို နေရာအတော်များများတွင် တွေ့ကြရသည်။ စက်တွင် ကွပ်ကီး အမျိုး ၃၀ ခန့် ထည့်ပေးထားပြီး နှစ်သက်ရာကို ရွေးချယ် ဝယ်ယူနိုင်သည်။

အေးခဲအစားအစာများကို ဈေးရောင်းစက်တို့က ရောင်းချပေးနိုင်သည်။ အရွယ်အစား အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးတို့ကို ရောင်းချပေးနိုင်သည်။ သို့ဖြစ်ရာ လမ်းဘေးဈေးရောင်းစက်များမှ ရောင်းချသည့် စားသောက်စရာများ အမျိုးအမည် ပိုမိုစုံလင်နေပြီ ဖြစ်သည်။

Read times Last modified on Monday, 15 November 2021 14:16
Rate this item
(0 votes)