Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်စတိုင်လ် ဆူရှီငါးထမင်းလိပ်

ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ သို့မဟုတ် မိသားစုနဲ့ နေ့ လယ်နေ့ခင်း

အပျင်းပြေလုပ်စားနိုင်တဲ့ အရသာတစ်မူထူးတဲ့ ဂျပန်စတိုင်လ်ဆူရှီထမင်းလိပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ငါးသေတ္တာ၊ မုန်လာဥနီ၊ သခွားသီး၊ ရှမ်းဆန်၊ မရော့နိစ်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ရေညှိပြား တို့ လိုအပ်ပါမယ်။

ပထမဆုံးအနေနဲ့  ငါးသေတ္တာကို ကျက်အောင်ပြုတ်ထားပါ။ ပြီးရင် အအေးခံပြီး အရိုးထွင်ထားပါ။


မုန်လာဥနီနဲ့ သခွားသီးတွေကို ရေဆေး၍ နုပ်နုပ်စဉ်းပြီး ငါးအသားတွေနဲ့ ရောနယ်ထားပါ။

ပြီးတော့မှ အဲဒီထဲကို ငရုတ်ကောင်းမှုန့်၊ ဆားနဲ့ မရော့စ်နိစ်တို့ ကို လိုသလောက်ချိန်ဆပြီးထည့်၍ သမအောင်မွှေထားပါ။


ချက်ထားတဲ့ ရှမ်းဆန်စီးစီးလေးကို ရေညှိပြားပေါ်ခင်းပြီး အလယ်မှာနယ်ထားတဲ့ ငါးကိုထည့်ပြီး တင်းတင်းလေး ကျစ်နေအောင်လိပ်လိုက်ပါ။ (ထမင်းလိပ်ရင်သုံးတဲ့ ၀ါးအခင်းပြားလေးတွေနဲ့ လိပ်လိုက်ရင် အဆင်ပြေပါတယ်။)

လိပ်ပြီးရင် ဓားနဲ့ အနေတော်အတုံးလေးတွေတုံးပြီး ပန်းကန်ထဲ လှလှပပလေး စီထည့်ပြီး အရသာရှိတဲ့ ဂျပန်စတိုင်လ် ဆူရှီငါးထမင်းလိပ်ကို တည်ခင်းအသုံးပြုနိုင်ပါတယ်။

Read 6059 times Last modified on Tuesday, 18 September 2018 13:45
Rate this item
(1 Vote)