Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန် စိုက်ပျိုးရေးပို့ကုန် ပထမဆုံးအကြိမ် ယန်း ၁ ထရီလီယံကျော်

ဂျပန် စိုက်ပျိုးရေးပို့ကုန် ပထမဆုံးအကြိမ် ယန်း ၁ ထရီလီယံကျော်

ဂျပန်နိုင်ငံရဲ့ လယ်ယာနှင့်သစ်တော ထွက်ကုန်များနှင့် ပင်လယ်စာများ ပြည်ပတင်ပို့သည့် တန်ဖိုးပမာဏသည် ယခုနှစ်တွင် ပထမဆုံးအကြိမ် ယန်း ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈.၇ ဘီလျံ) ကျော်ကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Hirokazu Matsuno က ထုတ်ဖော်ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် Matsuno က ပြောကြားရာ၌ ယခုနှစ် ဇန်ဝါရီလမှ နိုဝင်ဘာလအတွင်း လယ်ယာနှင့်သစ်တော ထွက်ကုန်များနှင့် ပင်လယ်စာများ ပြည်ပတင်ပို့သည့် တန်ဖိုးပမာဏ စုစုပေါင်း ယန်း ၁.၀၆ ထရီလီယံ ရှိခဲ့ပြီး အစိုးရဌာနများ၏ ပို့ကုန်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်သည်ဟု ပြောကြားသည်။

အဆိုပါကဏ္ဍများမှ ပို့ကုန်တန်ဖိုးပမာဏ သိသိသာသာ ထိုးတက်သွားရသည်မှာ အမေရိကန်သို့ အမဲသား တင်ပို့မှုနှင့် တရုတ်ပြည်သို့ ဆာကေူအရက် တင်ပို့မှုတို့ သိသိသာသာ ထိုးတက်သွားခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြည်ပမှ မှာကြားမှုများ အွန်လိုင်းတွင် ပိုများလာသည်ဟု ဆိုသည်။

အစိုးရက ၂၀၂၅ တွင် အဆိုပါကဏ္ဍများမှ ပို့ကုန်တန်ဖိုး စုစုပေါင်း ၂ ထရီလီယံ ယန်း တင်ပို့နိုင်ရန် ရည်မှန်းချက် ထားရှိပြီး ၂၀၃၀ တွင် ယန်း ၅ ထရီလီယံ တင်ပို့ရန် လျာထားပါသည်။

Read times Last modified on Saturday, 18 December 2021 09:47
Rate this item
(0 votes)