Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်နိုင်ငံတွင် ဆားငန်ရေဒဏ်ခံနိုင်သည့် စပါးမျိုးစိတ်သစ်တစ်မျိုး စမ်းသပ်သုတေသနပြုခဲ့

ဂျပန်နိုင်ငံတွင် ဆားငန်ရေဒဏ်ခံနိုင်သည့် စပါးမျိုးစိတ်သစ်တစ်မျိုး စမ်းသပ်သုတေသနပြုခဲ့ Google

ဂျပန်နိုင်ငံအခြေစိုက် ဇီဝဗေဒပညာရှင်များသည် ဆားငန်ရေဝင်သည့် လယ်ကွင်းများတွင် စိုက်ပျိုးနိုင်သည့်

မျိုးဗီဇပြုပြင်ထားသော စပါးမျိုးဗီဇအသစ်ကို စမ်းသပ်ဖန်တီးနိုင်ခဲ့သည်။

 

ဂျပန်နိုင်ငံ၊ အမျိုးသားစိုက်ပျိုးရေးနှင့် အစားအသောက်သုတေသနအဖွဲ့အစည်းက ဦးဆောင်သည့် ဇီဝဗေဒပညာရှင်များအဖွဲ့သည် မကြာခဏ ဒီရေလွှမ်းသော လယ်ကွင်းများတွင် စိုက်ပျိုးရန် သင့်လျော်သည့် ဆားငန်ရေဒဏ်ခံနိုင်သော စပါးမျိုးဗီဇအသစ်များကို သုတေသနပြုလုပ်ရာ အောင်မြင်မှုများ ရရှိခဲ့သည်။

 

၂၀၅၀ ပြည့်နှစ်ခန့်တွင် တစ်ကမ္ဘာလုံးရှိ စိုက်ပျိုးနိုင်သည့် မြေဧရိယာ၏ ထက်ဝက်ခန့်သည် ဆားငန်ရေကြောင့် ပျက်စီးသွားနိုင်သည်ဟု ကြိုတင်ခန့်မှန်းချက်များအရ ပင်လယ်ကမ်းရိုးတမ်းရှည်များကို ပိုင်ဆိုင်ကြသည့် ဂျပန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဒီရေဝင်ရောက်မှုကြောင့် ဆားငန်ရေဖုံးလွှမ်းပျက်စီးသွားသည့် လယ်ယာစိုက်ပျိုးရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်လို့ ဂျပန်နိုင်ငံအခြေစိုက် ဇီဝဗေဒပညာရှင်များအဖွဲ့က ပြောကြားခဲ့သည်။

 

ဆားငန်ရေဒဏ်ခံနိုင်သော စပါးမျိုးဗီဇအသစ်ကို အသုံးပြုပြီး လယ်ယာမြေ အမျိုးအစားများပေါ်လိုက်၍ စိုက်ပျိုးနိုင်မည့် စပါးမျိုးစိတ်သစ်များကို ထပ်မံသုတေသနပြလုပ်ရန် နောက်ထပ်အလားအလာများ ရှိသေးသည် ဟု ဂျပန်နိုင်ငံအခြေစိုက် ဇီဝဗေဒပညာရှင်များ အဖွဲ့အစည်းအကြီးအကဲဖြစ်သူ Mr. Yusaku Uga က ပြောကြားခဲ့သည်။

 

ခြောက်သွေ့ပြီး ဆားဓာတ်များသည့် မြေအမျိုးအစားသည် အပင်များ၏ ရေသိုလှောင်မှုကို အဟန့်အတားဖြစ်စေပြီး အပင်အတွက် လိုအပ်သည့် အောက်ဆီဂျင်ပမာဏကိုပါ လျော့ပါးစေပါသည်။

 

၎င်းစပါးမျိုးဗီဇကို အင်ဒိုနီးရှား စပါးမျိုးစိတ်တစ်ခုတွင် တွေ့ရှိခဲ့ရပြီး အဆိုပါ စပါးမျိုးသည်မြေမျက်နှာပြင်ပေါ်တွင်လည်း စိုက်ပျိုးနိုင်ပါသည်။ ယခု စမ်းသပ်သုတေသန ပြုလုပ် ရရှိသည့် အင်ဒိုနီးရှားစပါးမျိုး၏ အမြစ်များသည် မြေပြင်ပေါ်တွင်လည်း ရှင်သန်ကြီးထွားနိုင်ပြီး သဘာဝရာသီဥတုဒဏ်ကို အလိုက်သင့်ခံနိုင်ရည်ရှိသည်လို့ တွေ့ရှိခဲ့ကြသည်။ ၎င်းအဖွဲ့အစည်းအနေဖြင့် ၂၀၁၅ ခုကတည်းက Sasanishiki အမည်ရှိ ဂျပန်စပါးမျိုးကို ဆားငန် ရေဝင်ရောက်သည့် နေရာများတွင် စိုက်ပျိုးနိုင်သည့် အင်ဒိုနီးရှားစပါးမျိုးနှင့် မျိုးစပ်ထားသော စပါးမျိုးအသစ်ကို ဂျပန်နိုင်ငံမှ asanishiki စပါးမျိုးနှင့် နှိုင်းယှဉ်၍ သုတေသနပြုလုပ်ခဲ့သည်လို့ သိရသည်။

 

ဂျပန်နိုင်ငံအခြေစိုက် ဇီဝဗေဒပညာရှင်များက မျိုးရိုးဗီဇပြုပြင်ထားသည့် စပါးသည် ဆားငန်ရေဝင်သည့် လယ်ကွင်းများ၌ စိုက်ပျိုးရာတွင် ခံနိုင်ရည် ၁၅ % ခန့် ပိုမိုမြင့်တက်လာပြီး သာမန် စပါးစိုက်ခင်းများတွင် စိုက်ပျိုးထားသည့် စပါးများနှင့် ကြီးထွားရှင်သန်မှု မကွာခြားဘူးလို့ ဆိုပါသည်။

 

စပါးပင်များ၏ အမြစ်များသည် အပင်အတွက် မရှိမဖြစ်လိုအပ်သည့် အစာဖြစ်သည့် ဖော့စ်ဖရပ်စ် သိုလှောင်မှုအတွက် များစွာအကျိုးပြုသည့်အတွက် ယခု စပါးမျိုးအသစ်သည် ဓာတ်မြေသြဇာများ အလွယ်တကူ မရရှိနိုင်သည့် ဆင်းရဲနွမ်းပါးသည့် တိုင်းပြည်နိုင်ငံများမှ လယ်သမားများအတွက် အသုံးပြုစိုက်ပျိုးရန် နည်းလမ်းတစ်ခုဖြစ်သည်လို့ Mr. Uga က အကြံပြုခဲ့သည်။

 

ဒါ့အပြင် အခြားသီးနှံများဖြစ်ကြသည့် ပြောင်းနှင့် ပဲပုပ်တို့အတွက်လည်း အလားတူ အမြစ်၏ ခံနိုင်ရည်ရှိရှိ ကြီးထွားမှုသဘောတရားကို အခြေခံကာ သဘာဝဘေးဒဏ်ခံနိုင်သည့် သီးနှံမျိုးဗီဇအသစ်များ စမ်းသပ်သုတေသနပြလုပ်သွားမှာဖြစ်ပြီး ၊ ရှေ့ဆက်ဆောင်ရွက်မည့် ဂျပန်နိုင်ငံမှ မျိုးရင်းစပါးမျိုးမဟုတ်သည့် အခြားစပါးမျိုးများကို သုတေသနနှင် စမ်းသပ်မှုများ ပြုလုပ်ချက်များမှတစ်ဆင့် ဆားငန်ရေဒဏ်ခံနိုင်သည့် သီးနှံမျိုးစိတ်များကို ဖန်တီးပြီး သဘာဝ ဘေးဒဏ်ခံစားရသည့် ကမ္ဘာတစ်လွှားမှ လယ်သမားများကို ပံ့ပိုးကူညီသွားမည်လို့ Mr. Uga က ကတိပြုပြောကြားခဲ့သည်။

 

By Myanmar Food Guide

myantrade.gov

Read times
Rate this item
(0 votes)