Japan

×

Warning

JUser: :_load: Unable to load user with ID: 540


မီဆိုအနှစ်နဲ့အူဒုံခေါက်ဆွဲဟင်းရည်

Unicode <<<<


မီဆိုအနှစ်နဲ့အူဒုံခေါက်ဆွဲဟင်းရည်


ဂျပန်အစားအစာ တစ်မျိုးဖြစ်တဲ့ အူဒုံခေါက်ဆွဲဟင်းရည်ချက်နည်းလေးကတော့ လွယ်လင့်တကူချက်ပြုတ်နိုင်ပါတယ်။ အချိန်ကလည်း ၁၅ မိနစ်ပဲကြာပါတယ်။ အောက်တွင် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ဂျပန်ခေါက်ဆွဲကိုတော့ စီးတီးမက်စ်မှာ အလွယ်တကူဝယ်လို့ရပြီး ပုံမှန်ခေါက်ဆွဲထက် အရွယ်အစားပိုကြီးတဲ့ အူဒုံခေါက်ဆွဲကို အစိုနဲ့ အခြောက်ဆိုပြီးရှိတဲ့အတွက်ကြောင့် ကိုယ်ကြိုက်နှစ်သက်တာဝယ်ယူနိုင်ပါတယ်။


Fresh Milk နွားနို့လုပ်ငန်းများ (၂၃) ခုကိုရှာရန်နှိပ်ပါ။


အူဒုံခေါက်ဆွဲဟင်းရည်ချက်ဖို့အတွက်  ပါဝင်ပစ္စည်းများကတော့ အူဒုံခေါက်ဆွဲခြောက်၊  ကြက်ပြုတ်ရည်၊ မုန်လာဥနီ၊ မှို၊ အဖြူရောင်မီဆိုအနှစ်၊ ကြက်သွန်မြိတ်၊ ရွှေပဲသီး၊ ပန်းဂေါ်ဖီ တို့လိုအပ်ပါတယ်။


အရင်ဆုံး အူဒုံခေါက်ဆွဲခြောက်ကို  ရေနွေးပွက်ပွက်ဆူတဲ့အထဲ ထည့်ပြုတ်ပြီး ရေစစ် ထားပါ။


ပြီးလျှင် အသီးအရွက်တွေနဲ့ ပေါ့ပေါ့ပါးပါးပုံစံပဲ ပြုတ်သောက်မှာဖြစ်တဲ့အတွက် ဖြည့်စွက်အစာတွေ အများကြီးမလိုပါဘူး။


ကိုယ်က တကယ်လို့ အသားတွေ ပင်လယ်စာတွေကြိုက်တယ်ဆိုရင်တော့ ထပ်ထည့်နိုင်ပါတယ်။


ပြီးနောက် မုန်လာဥနီ နဲ့ မှိုကို အနေတော်အရွယ် ပိုင်းဖြတ်ထားပါ။


ပြီးလျှင် အိုးတစ်လုံးယူပြီး ကြက်ပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါ။


ကြက်ပြုတ်ရည်ပွက်ပွက်ဆူတဲ့အထဲကို မုန်လာဥနီ အရင်ထည့်ပါ။ တစ်မိနစ်၊ နှစ်မိနစ်လောက်ကြာရင် မုန်လာဥတွေနူးလာမှ မှိုကိုထည့်ပါ။


ပြီးနောက် ကိုယ်ကြိုက်နှစ်သက်တဲ့ အခြားဟင်းသီးဟင်းရွက်တွေ ထည့်တာကြိုက်ရင်တော့ ရွှေပဲသီး၊ ပန်းဂေါ်ဖီထုပ်တွေလည်း ထည့်လို့ရပါတယ်။


အသီးအရွက်တွေ ထည့်ပြီးလို့ တစ်မိနစ်လောက်ဆူအောင်တည်ပြီးရင် သောက်ဖို့အတွက် ဟင်းရည်ရပါပြီ။


Read More >>>>>    စားလို့အရမ်းကောင်းတဲ့ ငါးထမင်းနယ်


ပြီးရင်တော့ ကိုယ်စားမယ့်ပန်းကန်လုံးတစ်လုံးယူပြီး အဖြူရောင်မီဆိုအနှစ်ထည့်ပြီးရင် ဟင်းရည်ကို ပန်းကန်ထဲလောင်းထည့်ပါ။ မီဆိုအနှစ်တွေပျော်ဝင်သွားသည်ထိ အနည်းငယ်မွှေပေးထားပါ။


အရသာ မလေးချင်တဲ့အတွက်ကြောင့်  မီဆိုအနှစ်အဖြူကို သုံးရခြင်းဖြစ်ပါတယ်။ ကိုယ်က တကယ်လို့ အရသာလေးလေးပင်ပင် ကြိုက်တဲ့သူဆိုရင် အဝါရောင် (သို့) အနီရောင်မီဆိုအနှစ်ထုပ်ကို အသုံးပြုနိုင်ပါတယ်။


ပြီးရင်တော့ အူဒုံခေါက်ဆွဲထည့်၊ အပေါ်ယံမှ ကြက်သွန်မြိတ်ဖြူးလိုက်ရင် အရသာရှိတဲ့ ဂျပန်အစားအစာ အူဒုံခေါက်ဆွဲ ဟင်းရည်ကို အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။


#MFID

 

 

Zawgyi <<<<

 

မီဆိုအႏွစ္နဲ႕အူဒံုေခါက္ဆြဲဟင္းရည္

 

ဂ်ပန္အစားအစာ တစ္မ်ိဳးျဖစ္တဲ့ အူဒုံေခါက္ဆြဲဟင္းရည္ခ်က္နည္းေလးကေတာ့ လြယ္လင့္တကူခ်က္ျပဳတ္ႏိုင္ပါတယ္။ အခ်ိန္ကလည္း ၁၅ မိနစ္ပဲၾကာပါတယ္။ ေအာက္တြင္ ခ်က္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ဂ်ပန္ေခါက္ဆြဲကိုေတာ့ စီးတီးမက္စ္မွာ အလြယ္တကူဝယ္လို႔ရၿပီး ပုံမွန္ေခါက္ဆြဲထက္ အရြယ္အစားပိုႀကီးတဲ့ အူဒုံေခါက္ဆြဲကို အစိုနဲ႔ အေျခာက္ဆိုၿပီးရွိတဲ့အတြက္ေၾကာင့္ ကိုယ္ႀကိဳက္ႏွစ္သက္တာဝယ္ယူႏိုင္ပါတယ္။

 

Fresh Milk ႏြားႏို႔လုပ္ငန္းမ်ား (၂၃) ခုကိုရွာရန္ႏွိပ္ပါ။

 

အူဒုံေခါက္ဆြဲဟင္းရည္ခ်က္ဖို႔အတြက္  ပါဝင္ပစၥည္းမ်ားကေတာ့ အူဒုံေခါက္ဆြဲေျခာက္၊  ၾကက္ျပဳတ္ရည္၊ မုန္လာဥနီ၊ မိႈ၊ အျဖဴေရာင္မီဆိုအႏွစ္၊ ၾကက္သြန္ၿမိတ္၊ ေရႊပဲသီး၊ ပန္းေဂၚဖီ တို႔လိုအပ္ပါတယ္။

 

အရင္ဆုံး အူဒုံေခါက္ဆြဲေျခာက္ကို  ေရေႏြးပြက္ပြက္ဆူတဲ့အထဲ ထည့္ျပဳတ္ၿပီး ေရစစ္ ထားပါ။

 

ၿပီးလွ်င္ အသီးအရြက္ေတြနဲ႔ ေပါ့ေပါ့ပါးပါးပုံစံပဲ ျပဳတ္ေသာက္မွာျဖစ္တဲ့အတြက္ ျဖည့္စြက္အစာေတြ အမ်ားႀကီးမလိုပါဘူး။

 

ကုိယ္က တကယ္လို႔ အသားေတြ ပင္လယ္စာေတြႀကိဳက္တယ္ဆိုရင္ေတာ့ ထပ္ထည့္နိုင္ပါတယ္။

 

ၿပီးေနာက္ မုန္လာဥနီ နဲ႔ မိႈကို အေနေတာ္အရြယ္ ပိုင္းျဖတ္ထားပါ။

 

ၿပီးလွ်င္ အိုးတစ္လုံးယူၿပီး ၾကက္ျပဳတ္ရည္ထည့္ကာ ပြက္ပြက္ဆူေအာင္ တည္ထားပါ။

 

ၾကက္ျပဳတ္ရည္ပြက္ပြက္ဆူတဲ့အထဲကို မုန္လာဥနီ အရင္ထည့္ပါ။ တစ္မိနစ္၊ ႏွစ္မိနစ္ေလာက္ၾကာရင္ မုန္လာဥေတြႏူးလာမွ မိႈကိုထည့္ပါ။

 

ၿပီးေနာက္ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ အျခားဟင္းသီးဟင္းရြက္ေတြ ထည့္တာႀကိဳက္ရင္ေတာ့ ေရႊပဲသီး၊ ပန္းေဂၚဖီထုပ္ေတြလည္း ထည့္လို႔ရပါတယ္။

 

အသီးအရြက္ေတြ ထည့္ၿပီးလို႔ တစ္မိနစ္ေလာက္ဆူေအာင္တည္ၿပီးရင္ ေသာက္ဖုိ႕အတြက္ ဟင္းရည္ရပါၿပီ။

 

Read More >>>>>    စားလုိ႕အရမ္းေကာင္းတဲ့ ငါးထမင္းနယ္

 

ၿပီးရင္ေတာ့ ကိုယ္စားမယ့္ပန္းကန္လုံးတစ္လုံးယူၿပီး အျဖဴေရာင္မီဆိုအႏွစ္ထည့္ၿပီးရင္ ဟင္းရည္ကို ပန္းကန္ထဲေလာင္းထည့္ပါ။ မီဆိုအႏွစ္ေတြေပ်ာ္ဝင္သြားသည္ထိ အနည္းငယ္ေမႊေပးထားပါ။

 

အရသာ မေလးခ်င္တဲ့အတြက္ေၾကာင့္  မီဆိုအႏွစ္အျဖဴကို သံုးရျခင္းျဖစ္ပါတယ္။ ကိုယ္က တကယ္လို႔ အရသာေလးေလးပင္ပင္ ႀကိဳက္တဲ့သူဆိုရင္ အဝါေရာင္ (သို႔) အနီေရာင္မီဆိုအႏွစ္ထုပ္ကို အသုံးျပဳနိုင္ပါတယ္။

 

ၿပီးရင္ေတာ့ အူဒုံေခါက္ဆြဲထည့္၊ အေပၚယံမွ ၾကက္သြန္ၿမိတ္ျဖဴးလိုက္ရင္ အရသာရွိတဲ့ ဂ်ပန္အစားအစာ အူဒုံေခါက္ဆြဲ ဟင္းရည္ကို အရသာရွိစြာ တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။

 

#MFID

Read times
Rate this item
(0 votes)