Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် ငါးအသားချောင်းကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မိသားစုဆုံတုန်းလေး ဆိုင်တွင် သွားရောက်စားစရာမလိုဘဲ

အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကိုရီးယားစတိုင်လ် ငါးအသားချောင်းကြော်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ အသားများတဲ့ငါး၊ ကြက်ဥ၊ ဆီ၊ ဂျုံမှုန့်၊ အာလူးမှုန့်၊ ကြက်သွန်နီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးကို ရေဆေးသန့်စင်ပြီး အရိုးမပါအောင် ငါးအသားကို လွှာထားပါ။ ပြီးရင်တော့ ငါးအသားကို အရွယ်တော်အချောင်းလေးများဖြစ်အောင် တုံးထားပါ။

 

ပြီးနောက် ငါးကို ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်၍ ရောမွှေပေးထားပါ။ ပြီးရင်တော့ ဂျုံမှုန့်၊ အာလူးမှုန့်၊ ကြက်ဥ တို့ကို ဇလုံတစ်လုံးထဲ ရေအနည်းငယ်ထည့်ပြီး ရောမွှေပေးပါ။

 

ပြီးရင် ဒယ်အိုးထဲကို ဆီထည့်၊ ဆီပူလာလျှင် ငါးကို မုန့်နှစ်နဲ့နယ်ပြီး ဒယ်အိုးထဲထည့်ကြော်လိုက်ပါ။

 

ပြီးနောက် အကျက်ညီအောင် ငါးကို အထက်အောက်လှန်ပေးပါ။ နီညိုရောင်သန်းပြီဆိုရင်တော့ ငါးကို ဆယ်ပြီး ဇကာထဲထည့်၍ ဆီစစ်ပေးပါ။

 

ဆီစစ်ပြီးရင်တော့ ကလေးများနှင့် လူကြီးများအတွက် အကြိုက်တွေ့စေမည့် ငါးအသားချောင်းကြော်လေးကို မိမိတို့နှစ်သက်ရာ အချဉ်တစ်မျိုးမျိုးနှင့် တွဲဖက်၍ အသင့်သုံးဆောင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:40
Rate this item
(2 votes)