Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် ၀က်သားကင်မ်ချီဟင်းရည်

ကိုရီးယားအစားအစာများ ကြိုက်နှစ်သက်သူများအတွက် ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း

လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကိုရီးယားစတိုင်လ်ဝက်သားကင်မ်ချီဟင်းရည် ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ၀က်သား၊ ကင်မ်ချီ၊ ကိုရီးယားငရုတ်အနှစ်၊ ငရုတ်သီးအမှုန့်၊ နှမ်းဆီ၊ ဆား၊ သကြား၊ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကိုရီးယားရေညှိခြောက်၊ ငါးနီတူခြောက်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး မုန်လာဥကိုအခွံခွာ၍ မထူမပါးလေးလှီးပြီး သန့်စင်ထားပါ။ ပြီးလျှင် ကြက်သွန်မိတ် အမြစ်နားကအပိုင်းကိုဖြတ်ပြီး ရေဆေးသန့်စင်ပေးထားပါ။

 

ပြီးနောက် ငါးနီတူခြောက်ကို ခေါင်းဖြုတ်ထားပါ။ ခေါင်းမဖြုတ်ပါက အရသာက ခါးတတ်ပါတယ်။

 

ပြီးလျှင် သန့်စင်ပြီးပါက အိုးတစ်လုံးထဲကို အကုန်ရောထည့်လိုက်ပါ။

 

ပြီးနောက် ရေညှိခြောက်ကိုလည်း ထည့်ပေးပါ။ အားလုံးထည့်ပြီးပါက ရေထည့်ပြီး မိနစ်အနည်းငယ်ခန့် ပြုတ်ထားပါ။ ရေညှိခြောက်အနံ့နဲ့ ငါးခြောက်အနံ့များ ပေါင်းပြီး နံ့လေးမွှေးလာပါလိမ့်မယ်။

 

 

မိနစ်အနည်းငယ်ခန့် ပြုတ်ပြီးရင် အရည်နှင့် အဖတ်ကွဲသွားအောင် စစ်ပေးပါ။ စစ်ထားသောအရည်ကို ခဏဖယ်ထားပါ။

 

ဝက်သားကင်မ်ချီဟင်းရည်အတွက်ကတော့ ဝက်သားကိုအတုံးလေးများလှီးပြီး သန့်စင်ထားပေးပါ။ ကြက်သွန်နီခပ်ကြီးကြီး တစ်လုံးကို မထူမပါးလေးလှီးပေးထားပါ။ ကြက်သွန်မြိတ်ကို လက်နှစ်ဆစ်ခန့်လှီးဖြတ်ထားပေးပါ။

 

ကင်မ်ချီဟင်းရည်ချက်မဲ့အိုးထဲကို ကင်ချီတစ်ပန်းကန်၊ ဝက်သား၊ လှီးထားတဲ့ကြက်သွန်နီ၊ ဆား၊ သကြား တို့ကိုရောထည့်ထားပါ။

 

ယင်း ကင်မ်ချီအိုးထဲကို စစ်ထားတဲ့ပြုတ်ရည်ကို ထည့်လိုက်ပြီး မိနစ်အနည်းငယ်ခန့်တည်ထားပါ။

 

ပြီးနောက် မိနစ်အနည်းငယ်ကြာရင် အသားနူးမနူး စမ်းကြည့်ပါ။ အသားရဲ့ အတုံးကသေးသောကြောင့် မိနစ်အနည်းငယ်ဆိုကျက်ပါပြီ။

 

အသားလဲကျက်ပြီဆိုရင် ပဲပြားကို မထူမပါးအပြားလှီးထားတာကို အပေါ်ကတင်လိုက်ပါ။ မိနစ်အနည်းငယ်ခန့်ထားပေးထားလိုက်ပါ။ ခဏကြာသော် အဖုံးဖွင့်ပြီး လှီးထားတဲ့ကြက်သွန်မိတ်ကို အပေါ်ကဖြူးပြီး မီးပိတ်ထားလိုက်ပါ။

 

ပြီးရင်တော့ အရသာကို စိတ်ကြိုက်ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါတယ်။ ဝက်သားကင်မ်ချီဟင်းရည်ပူပူလေးကို ထမင်းပူပူလေးနဲ့ စားလိုက်ရရင်တော့ဖြင့် ထမင်းမြိန်စေမှာဖြစ်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 11:44
Rate this item
(4 votes)