Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် ဘာဘီကျူးအနှစ် ပုစွန်ကင်

ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ပင်လယ်စာပုစွန်ကို ဒီအတိုင်းမစားဘဲ

ကိုရီးယားစတိုင် ဘာဘီကျူးအနှစ်နဲ့ ပုစွန်ကင်ပြုလုပ်နည်းလေးကို ဖော်ပြပေး လိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ပုစွန်ကြား၊ ငရုတ်သီးအနှစ်၊ ကြက်သားမှုန့်၊ ဆီ၊ ကြက်သွန်မြိတ်၊ ဆီ အနည်းငယ်တို့ လိုအပ်ပါမယ်။

 

 

ပထမဆုံး ပုစွန်ကြားကို အမှီးချန်ထားပြီး အခွံခွာ၊ ခေါင်းဖြုတ်၊ အညစ်အကြေးထုတ်ပြီး ပုစွန်ကို ရေဆေးသန့်စင်ပေးထားပါ။

 

 

ပြီးလျှင် ပုစွန်ကို ပန်းကန်တစ်ခုထဲထည့်ပြီး ဆီ၊ ကြက်သွန်မြိတ်၊ ကြက်သားမှုန့်၊ ငရုတ်သီးအနှစ်တို့နဲ့ နယ်ပြီး မိနစ်အနည်းငယ် နှပ်ထားပေးထားပါ။

 

 

ပုစွန်ကင်မည့် ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ နှပ်ထားသောပုစန်များကို ထည့်ပြီးချက်လိုက်ပါ။

 

 

ပုစွန်ကို ဟိုဘက်ဒီဘက် လှန်ပေးကာ မိနစ်အနည်းငယ် ချက်ပြီးရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ဘာဘီကျူးအနှစ် ပုစွန်ကင်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

 

Read More >>>>>  ၀ါတွင်းကာလ သက်သတ်လွတ်စားသူများအတွက် မာလာဟင်း

Read 5035 times Last modified on Tuesday, 18 September 2018 11:46
Rate this item
(8 votes)