Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင် ကင်ချီ ဝက်သားပေါင်း

ဒီတပတ်တော့ ကိုရီးယားအစားအစာထဲတွင် တစ်ခုအပါအ၀င်ဖြစ်တဲ့ ကိုရီးယားစတိုင်

ကင်ချီဝက်သားပေါင်း အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကင်ချီ၊ ဝက်သား၊ ပဲပြား၊ ကြက်သွန်မြိတ်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအနီတောင့်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဝက်သားကို ရေဆေးကာ အနေတော်အရွယ် အတုံးလေးများ တုံးပြီး ပန်းကန်တစ်ခုထဲသို့ ထည့်၍ ကြက်သွန်ဖြူကို ခပ်သေးသေးလေးများ ဖြစ်အောင် လှီးပြီးထည့်ပါ။

 

နှမ်းဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး ဝက်သားကို နယ်ထားကာ မိနစ်အနည်းငယ်ခန့် နှပ်ထားပါ။

 

ပြီးနောက် ဒယ်အိုး တစ်ခုထဲသို့ နှမ်းဆီထည့်ပြီး ဝက်သားများကို မိနစ်အနည်းငယ်ခန့် ထည့်ကြော်ပါ။

 

ပြီးလျှင် ကင်ချီထည့်လိုက်ပါ။ ငရုတ်သီးမှုန့်ထည့်ပြီး မိနစ်အနည်းငယ်ခန့် ကြော်ပါ။ မွှေးလာပါက ရေကို ထည့်လိုက်ပါ။ ပြီးနောက် ကင်ချီအရည်ပါထည့်ပြီး ကျန်ရှိနေသည့် ကြက်သွန်ဖြူ နုတ်နုတ်စဉ်းထားတာထည့်ပါ။ ဆား အနည်းငယ် ထည့်၍ အဖုံးပိတ်ပြီး မိနစ်အနည်းငယ်ခန့် မီးကိုအရှိန်လျော့၍ ပေါင်းပေးပါ။

 

မိနစ်အနည်းငယ်ကြာသော် ပဲပြားကို အပြားလိုက် လှီးထည့်ပြီး မိနစ်အနည်းငယ်ကြာ အဖုံး ပြန်ပိတ်ထားပါ။

 

ပြီးလျှင် ကြက်သွန်မြိတ်လှီးထည့်၍ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးကာ ငရုတ်သီးစိမ်းကို ခပ်ပါးပါးလှီးထည့်ပါ။

 

ပြီးနောက် မိနစ်အနည်းငယ် အဖုံးအုပ်၍ တည်ထားပြီး အရသာမြည်းကြည့်ပြီး ချဉ်စပ်စပ် ကိုရီးယားစတိုင် ၀က်သားပေါင်းကို အသင့်သုံးဆောင်နိုင်ပါတယ်။



Read times Last modified on Monday, 17 September 2018 14:56
Rate this item
(1 Vote)