Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင် ကင်မ်ချီခေါက်ဆွဲကြော်

ကိုရီးယားစတိုင် အရသာလေးစားချင်ကြသော မိတ်ဆွေများအတွက် ကင်မ်ချီခေါက်ဆွဲကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ခေါက်ဆွဲ၊ ကင်မ်ချီ၊ ကြက်ဥ၊ ပဲငံပြာရည်အနည်းငယ်၊ ကိုရီးယားငရုပ်သီးအနှစ် အနည်းငယ်၊ ဆီ အနည်းငယ်၊ မုန်လာဥနီအနည်းငယ်၊ ဂေါ်ဖီအနည်းငယ်၊ ရှမ်းနံနံ အနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်နှင့် ဆား အနည်းငယ်တို့ လိုအပ်ပါမယ်။

 

ခေါက်ဆွဲကို ပြုတ်ထားပြီး ကင်မ်ချီကို ပါးပါးလေးလှီးထားပါ။ ပြီးနောက် ကြက်ဥကို မွှေကြော်ထားပါ။ မုန်လာဥနီကို အခွံနွှာပြီး အချောင်းလေးများဖြစ်အောင် ပါးပါးလှီးဖြတ်ထားပါ။

 

ဒယ်အိုးထဲကို ဆီအရင်ထည့်ပါ။ ဆီဆူလာလျှင် ကင်မ်ချီနှင့် မုန်လာဥထည့်ပြီး မွှေပေးပါ။ ပြီးနောက် ဂေါ်ဖီထည့်ပြီး ကြော်ပြီးလျှင် မီးခဏပိတ်ပြီး ပဲငံပြာရည်အနည်းငယ်၊ ငရုတ်သီးအနှစ်ထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ပြုတ်ထားသော ခေါက်ဆွဲကို ရေအေးအေးနဲ့ဆေးပါ။ ပြီးနောက် ရေစင်အောင်စစ်ပြီး ဆီအနည်းငယ်ဖြင့် နယ်ပါ။

 

၎င်းနောက် အသီးအရွက်များထဲသို့ ခေါက်ဆွဲကိုထည့်၊ ကြက်သားမှုန့်အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးပါ။ အသီးအရွက်များ နွမ်းလာလျှင် မြည်းစမ်းကြည့်ပါ။ ပြီးနောက် ကြော်ထားသော ကြက်ဥကြော်ကိုထည့်၊ ရှမ်းနံနံကို အပေါ်မှဖြူးပြီး မိမိစိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:09
Rate this item
(2 votes)