Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင် ဝက်နံရိုးကြာစွယ်ဟင်း

စားလို့အရမ်းကောင်းပြီး ဆိုင်တွင်လည်း ဝယ်စားစရာမလိုဘဲ အိမ်တွင်လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကိုရီးယားစတိုင် ဝက်နံရိုးကြာစွာဟင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ဝက်နံရိုး၊ အကြော်မှုန့်၊ ကြာစွယ်၊ ကိုရီးယားပဲငပိ၊ ကိုရီးယားငရုတ်သီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ချင်း၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ဝက်နံရိုးလေးများကို ဆား၊ ကြက်သားမှုန့်၊ ချင်းထည့်ကာနူးအောင်ပြုတ်ပါ။

 

ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို လှီးပြီး ဆီသတ်ထားပါ။

 

ပြီးလျှင် ကြက်သွန်လေးများရွှေဝါရောင်သန်းလာရင် ကိုရီးယား ပဲငပိ ၊ ကိုရီးယား ငရုတ်သီး ထည့်ပါ။ ဆား၊ ကြက်သားမှုန့်၊  ရေအနည်းငယ်ထည့်ပြီး အနှစ်ချက်ပါ။

 

ပြီးနောက် အနှစ်ရရင် ကြာစွယ်၊ ကြက်သွန်မြိတ် လေးများထည့်ကာ ရေစပ်စပ်ထည့်ပြီး  သုံးမိနစ်ခန့်ခဏ အဖုံးအုပ်ထားပါ။

 

Read More >>>>>  ဖရဲသီး မှ ရရှိသော အကျိုးကျေးဇူးများ

 

ပြီးတဲ့အခါ ဟင်းအနှစ်များကို ပန်းကန်ထဲ ဖြန့်ခင်းထားသော ဝက်နံရိုးလေးများပေါ်သို့ လောင်းချလိုက်ပါ။

 

ပြီးရင်တော့ အရသာအလွန်ရှိတဲ့ ကိုရီးယားစတိုင် ဝက်နံရိုးကြာစွယ်ဟင်းပူပူလေးကို ထမင်းပူပူလေးနဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 04 June 2019 11:51
Rate this item
(1 Vote)