Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် ကင်မ်ချီနဲ့ ၀က်သားကြော်

ကိုရီးယားအစားအစာကြိုက်နှစ်သက်သူတွေအတွက် အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ကင်ချီနဲ့

ဝက်သားသုံးထပ်သားချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ၀က်သားသုံးထပ်သား၊ ကင်ချီ၊ ဆား၊ ပဲငံပြာရည်၊ ငရုတ်သီးအနှစ်၊ ငရုတ်သီးအမှုန့်၊ နှမ်းဆီမွှေး၊ ကြက်သွန်မြိတ်၊ ဆား၊ ဆီ၊ ငရုတ်ကောင်းတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားကို အနေတော်အရွယ်လေးတွေ လှီးရေဆေးသန့်စင်ပြီးလျှင်တော့ ဆား၊ ငရုတ်ကောင်းနဲ့ နယ်ထားပါ။

 

ပြီးနောက် ကင်ချီကို အနေတော်အရွယ်လေးတွေ ဖြစ်အောင် လှီးဖြတ်ထားပါ။ ကြက်သွန်မြိတ်ကို ရှည်ရှည်လေးဖြစ်အောင် လှီးဖြတ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့်၍ မီးဖိုပေါ်တင်လိုက်ပါ။ ဆီပူလာလျှင် ဝက်သားကို ကြော်ပေးပါ။

 

ဝက်သားကျက်ပြီဆိုလျှင် ကင်ချီ၊ ငရုတ်သီးအမှုန့်၊ ငရုတ်သီးအနှစ်၊ ဆား၊ ငရုတ်ကောင်း၊ ပဲငံပြာရည်တို့ကိုထည့်ပြီး ရောမွှေလိုက်ပါ။

 

ပြီးလျှင် ကင်ချီအရည်ကို ရောထည့်ပြီး ကြော်ပေးပါ။

 

နောက်ဆုံးမှ ကြက်သွန်မြိတ်နှင့် နှမ်းဆီမွှေးထည့်ပြီး ကိုရီးယားစတိုင်လ် ကင်မ်ချီနဲ့ ၀က်သားကြော်ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>> မလေးရှားစတိုင်လ် ငါးပိကြက်သားကြော်

Read 5413 times Last modified on Tuesday, 18 September 2018 11:50
Rate this item
(4 votes)