Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် တူနာကိတ်ကြော် ပြုလုပ်နည်း

တူနာကိတ်ကြော်ကို သရေစာအဖြစ်လည်း သုံးဆောင်နိုင်သလို၊ ထမင်းနဲ့လည်း သုံးဆောင်နိုင်ပြီး

အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကိုရီးယားစတိုင်လ် တူနာကိတ်ကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ တူနာငါး၊ ကြက်ဥ၊ ကြက်သွန်မြိတ်ပါးပါးလှီး၊ ငရုတ်သီးအနီ၊ ငရုတ်သီးစိမ်း၊ အကြော်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ မုန့်ကြွပ်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး တူနာငါးကို ရေဆေးသန့်စင်ပြီး ပြုတ်လိုက်ပါ။ ပြီးလျှင် အအေးခံပြီး အရိုးနွှင်ထားပါ။ ပြီးရင်တော့ ကြက်ဥကို ခွဲပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။ 

 

Read more >>>>> ထိုင်းစတိုင်လ် ပုလဲနို့ လက်ဖက်ရည်အေး

 

ကြက်သွန်မြိတ်၊ ငရုတ်သီးအနီ၊ ငရုတ်သီးအစိမ်းတို့ကို တူနာငါးနဲ့ သေချာစွာ နယ်ပေးပါ။ ပြီးရင် အလုံးလေးတွေ လုံးထားပါ။

 

ပြီးနောက် အကြော်မှုန့်နဲ့ အရင်လူးပြီး မုန့်ခြောက်နဲ့ လူးလိုက်ပါ။

 


ပြီးရင်တော့ ဒယ်အိုးထဲ ဆီထည့် ဆီပူလာလျှင် တူနာငါးကို ထည့်ပြီး ကြော်လိုက်ပါ။

 

နီညိုရောင်သန်းလာပြီဆိုရင်တော့ ကိုရီးယားစတိုင်လ် တူနာကိတ်ကြော်ကို အချဉ်ရည်လေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

အချဉ်ရည်အတွက် ပဲငံပြာရည်၊ ရှာလကာရည်၊ သကြား၊ ရေအနည်းငယ်ထည့်ပြီးရင်တော့ တူနာကိတ်ကြော်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 

Read times Last modified on Tuesday, 18 September 2018 11:56
Rate this item
(4 votes)