Korea

×

Warning

JUser: :_load: Unable to load user with ID: 540


တောင်ကိုရီးယားမှ food-delivery လုပ်ငန်း Yogiyo မတရားသဖြင့် လုပ်ကိုင်မှုများအတွက် ဒေါ်လာ ၄ သိန်းနီးပါး ဒဏ်တပ်ခံရ

ပြည်တွင်းဈေးကွက်အပေါ် လွှမ်းမိုးကြီးစိုးထားနိုင်တဲ့အပေါ် အခွင့်ကောင်းယူပြီး

မတရားသဖြင့် တွေ လုပ်ကိုင်ခဲ့တဲ့အတွက် food-delivery app လုပ်ငန်း Yogiyo ကို အမေရိကန်ဒေါ်လာ ၃၈၂ ၀၀၀ ဒဏ်ကြေး ပေးဆောင်စေခဲ့ပါတယ်။ 

Fair Trade Commission (FTC) ကလည်း Yogiyo ကို လိုက်နာဆောင်ရွက်ရမည့် အချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
Yogiyo က ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်းမှာ သူနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ စားသောက်ဆိုင်တွေကို တခြား စားစရာပို့ပေးတဲ့ အက်ပ်တွေကနေတစ်ဆင့် ဈေးလျှော့ရောင်းချခွင့်ကို တားမြစ်ခဲ့တယ်။
သုံးနှစ်တာ ကာလအတွင်းမှာ Yogiyo က သူ့ဆီမှာ မှာစားတဲ့အခါ တခြား စားစရာပို့ပေးတဲ့ အက်ပ်တွေထက် ပိုဈေးကြီးနေပါတယ်ဆိုရင် စားစရာ မှာယူသူတွေကို ဒေါ်လာ ၄၀ အထိ ပြန်အမ်းငွေ ပေးပြီး စည်းရုံးခဲ့တယ်။
Yogiyo နဲ့ စာချုပ်ထားတဲ့ စားသောက်ဆိုင်တွေဟာ သူချမှတ်ထားတဲ့ အစီအစဉ်ကို တသွေမတိမ်း လိုက်နာကြရတယ်။ လိုက်နာဖို့ ငြင်းဆန်တဲ့ စားသောက်ဆိုင်တွေကို စာချုပ် ရုပ်သိမ်းခဲ့တာ စုစုပေါင်း ၃၄ ဆိုင် ရှိခဲ့ပါတယ်။ စားသောက်ဆိုင်တွေအနေဖြင့် ရောင်းချတဲ့ စားစရာဈေးနှုန်းတွေကို မိမိသဘောကျ သတ်မှတ်ခွင့် မရရှိဘဲ Yogiyo က သတ်မှတ်ပေးတဲ့ ဈေးနှုန်းများဖြင့်သာ ရောင်းချကြရတယ်။
အဲဒီ food-delivery appလုပ်ငန်း Yogiyo ဟာ တောင်ကိုရီးယား စားစရာပို့ပေးတဲ့ လုပ်ငန်းကဏ္ဍမှာ ဒုတိယ အကြီးဆုံးဖြစ်ပြီး ပိုင်ဆိုင်သူက ဂျာမနီမှ Delivery Hero ဖြစ်ပါတယ်။ Delivery Hero ဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ စားစရာပေးပို့လုပ်ငန်း foodpanda ရဲ့ မိခင်ကုမ္ပဏီလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ Delivery Hero က တောင်ကိုရီးယားရဲ့ အကြီးမားဆုံး စားစရာပေးပို့လုပ်ငန်း အက်ပ်ဖြစ်တဲ့ Baedal Minjok ( Baemin ဟုလည်း လူသိများ) ရဲ့ အစုရှယ်ယာ ၇၈ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါတယ်။ Baemin မှာ ရင်းနှီးမြှုပ်နှံထားတဲ့ Goldman Sachs နဲ့ စင်ကာပူမှ GIC တို့ရဲ့ အစုရှယ်ယာတွေကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

insideretail.asia

 

ေတာင္ကိုရီးယားမွ food-delivery လုပ္ငန္း Yogiyo မတရားသျဖင့္ လုပ္ကိုင္မႈမ်ားအတြက္ ေဒၚလာ ၄ သိန္းနီးပါး ဒဏ္တပ္ခံရ

ျပည္တြင္းေဈးကြက္အေပၚ လႊမ္းမိုးႀကီးစိုးထားႏိုင္တဲ့အေပၚ အခြင့္ေကာင္းယူၿပီး မတရားသျဖင့္ ေတြ လုပ္ကိုင္ခဲ့တဲ့အတြက္ food-delivery app လုပ္ငန္း Yogiyo ကို အေမရိကန္ေဒၚလာ ၃၈၂ ၀၀၀ ဒဏ္ေၾကး ေပးေဆာင္ေစခဲ့ပါတယ္။
Fair Trade Commission (FTC) ကလည္း Yogiyo ကို လိုက္နာေဆာင္႐ြက္ရမည့္ အခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။
Yogiyo က ၂၀၁၃ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အတြင္းမွာ သူနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ စားေသာက္ဆိုင္ေတြကို တျခား စားစရာပို႔ေပးတဲ့ အက္ပ္ေတြကေနတစ္ဆင့္ ေဈးေလွ်ာ့ေရာင္းခ်ခြင့္ကို တားျမစ္ခဲ့တယ္။
သုံးႏွစ္တာ ကာလအတြင္းမွာ Yogiyo က သူ႔ဆီမွာ မွာစားတဲ့အခါ တျခား စားစရာပို႔ေပးတဲ့ အက္ပ္ေတြထက္ ပိုေဈးႀကီးေနပါတယ္ဆိုရင္ စားစရာ မွာယူသူေတြကို ေဒၚလာ ၄၀ အထိ ျပန္အမ္းေငြ ေပးၿပီး စည္း႐ုံးခဲ့တယ္။
Yogiyo နဲ႔ စာခ်ဳပ္ထားတဲ့ စားေသာက္ဆိုင္ေတြဟာ သူခ်မွတ္ထားတဲ့ အစီအစဥ္ကို တေသြမတိမ္း လိုက္နာၾကရတယ္။ လိုက္နာဖို႔ ျငင္းဆန္တဲ့ စားေသာက္ဆိုင္ေတြကို စာခ်ဳပ္ ႐ုပ္သိမ္းခဲ့တာ စုစုေပါင္း ၃၄ ဆိုင္ ရွိခဲ့ပါတယ္။ စားေသာက္ဆိုင္ေတြအေနျဖင့္ ေရာင္းခ်တဲ့ စားစရာေဈးႏႈန္းေတြကို မိမိသေဘာက် သတ္မွတ္ခြင့္ မရရွိဘဲ Yogiyo က သတ္မွတ္ေပးတဲ့ ေဈးႏႈန္းမ်ားျဖင့္သာ ေရာင္းခ်ၾကရတယ္။
အဲဒီ food-delivery appလုပ္ငန္း Yogiyo ဟာ ေတာင္ကိုရီးယား စားစရာပို႔ေပးတဲ့ လုပ္ငန္းက႑မွာ ဒုတိယ အႀကီးဆုံးျဖစ္ၿပီး ပိုင္ဆိုင္သူက ဂ်ာမနီမွ Delivery Hero ျဖစ္ပါတယ္။ Delivery Hero ဟာ ျမန္မာႏိုင္ငံမွာ လုပ္ကိုင္ေနတဲ့ စားစရာေပးပို႔လုပ္ငန္း foodpanda ရဲ႕ မိခင္ကုမၸဏီလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္မွာ Delivery Hero က ေတာင္ကိုရီးယားရဲ႕ အႀကီးမားဆုံး စားစရာေပးပို႔လုပ္ငန္း အက္ပ္ျဖစ္တဲ့ Baedal Minjok ( Baemin ဟုလည္း လူသိမ်ား) ရဲ႕ အစုရွယ္ယာ ၇၈ ရာခိုင္ႏႈန္းကို ဝယ္ယူခဲ့ပါတယ္။ Baemin မွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ Goldman Sachs နဲ႔ စင္ကာပူမွ GIC တို႔ရဲ႕ အစုရွယ္ယာေတြကို ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

 

Read times
Rate this item
(0 votes)