Korea



ကိုရီးယား ပင်လယ်စာ တူနားငါး ဒုတိယအများဆုံး ပြည်ပတင်ပို့

ကိုရီးယား ပင်လယ်စာ တူနားငါး ဒုတိယအများဆုံး ပြည်ပတင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တောင်ကိုရီးယား နိုင်ငံ ပင်လယ်ထွက်ပစ္စည်း တင်ပို့မှုတွင် ပင်လယ်ရေမှော်ခြောက်သည် အမြဲတ‌စေ ပထမနေရာတွင် ရှိပြီး ဒုတိယနေရာတွင် တူနာငါးများ ရှိနေကျဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယား နိုင်ငံ ပင်လယ်ထွက်ပစ္စည်း တင်ပို့မှုတွင်လည်း ပင်လယ်ရေမှော်ခြောက် က ပထမနေရာ၊ တူနာငါးက ဒုတိယနေရာ ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

တတိယနေရာကို တောင်ဝင်ရိုးစွန်း 'ငါးသွား' antarctic toothfish က ရရှိသည်။

 

 

photo_2023-01-13_09-55-42.jpg

'ငါးသွား' antarctic toothfish  ဖမ်းနေပုံ

 

သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ ယာယီခန့်မှန်းချက်အရ တောင်ကိုရီးယားနိုင်ငံ၏ ပင်လယ်စာ တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၃.၁၆ ရှိခဲ့သည်။   ၂၀၂၁ ခုနှစ်ထက် ၁၁.၈% ပိုများပါသည်။

တောင်ကိုရီးယားနိုင်ငံသည်  ၂၀၂၂ ခုနှစ်တွင် ပင်လယ်ရေမှော်ခြောက် ကန်ဒေါ်လာ ၆၅၅ သန်းဖိုး တင်ပို့ခဲ့သည်။ 

တူနာငါး ကန်ဒေါ်လာ ၆၀၂ သန်းဖိုး တင်ပို့ခဲ့သည်။

ငါးသွား ကန်ဒေါ်လာ သန်း ၉၀ ဖိုး တင်ပို့ခဲ့သည်။ တတိယနေရာကို ရရှိခဲ့ပြီး ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်သည်။

ကမာကောင်  ကန်ဒေါ်လာ သန်း ၈၀ ဖိုး တင်ပို့ခဲ့သည်။ စတုတ္ထနေရာ ရရှိသည်။ 

စားနိုင်သော ပင်လယ်ခရု ကန်ဒေါ်လာ ၆၅ သန်းဖိုး တင်ပို့ခဲ့သည်။ ပဉ္စမနေရာ ရရှိသည်။

 

photo_2023-01-13_09-55-28.jpg

 'ငါးသွား' antarctic toothfish

 

ငါးသွား တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်ခဲ့သည်။

 ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ၃၀.၇ သန်းဖိုး တင်ပို့ခဲ့သည်။

 ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၄၅.၂ သန်းဖိုး တင်ပို့ခဲ့သည်။

 ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၉၀.၈၀ သန်းဖိုး တင်ပို့ခဲ့သည်။

 တန်ဖိုးပမာဏ ပိုများလာ‌ေစသည့် အကြောင်းရင်းတစ်ချက်မှာ ငါးသွား ဈေးန‌ှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ တစ်ကီလိုဂရမ်ဈေးနှုန်းသည် ၂၀၂၁ ထက် ၂၀၂၂ တွင် ၄၉.၅% ပိုများလာပြီး ကန်ဒေါ်လာ ၃၀.၈ ဖြစ်လာသည်။

 “အရသာကောင်းမွန်ပြီး အာဟာရဓာတ်ကြွယ်ဝတာကြောင့် ငါးသွားတွေကို ပြည်ပနိုင်ငံတွေမှာ စျေးကြီးတဲ့အစားအစာအဖြစ် အသိအမှတ်ပြုခံရပါတယ်”ဟု သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ အရာရှိ Park Seung-joon က ပြောသည်။

 သွားငါးများသည် ရေခဲနေအောင် အေးနေသည့် အန္တာတိကရှိ ပင်လယ်ထဲတွင် ကျက်စားကြသည်။ ရေအနက် မီတာ ၂,၀၀၀ တွင် နေထိုင်ကြသည်။ အလျား ၂.၃ မီတာအထိ ကြီးထွားသည်။ အလေးချိန် ကီလိုဂရမ် ၂၀၀ အထိ ရှိသည်။ သက်တမ်းမှာ နှစ် ၅၀ ဝန်းကျင်ဟု ခန့်မှန်းသည်။ 

 

 ငါးသွားများသည် သဘာဝအတိုင်းတွင် ပရိုတင်းဓာတ်နှင့် အိုမီဂါ ၃ ကြွယ်ဝသည်။ အကြေးခွံလေးတွေကို အလွယ်တကူ ဖယ်ရှားနိုင်တာကြောင့် ချက်ပြုတ်ရလွယ်ကူပါသည်။ "ပင်လယ်အမဲသား" အဖြစ် တင်စားခေါ်ဝေါ်ကြသည်။ အမေရိကန်နှင့် ဂျပန်တို့တွင် ရေပန်းစားသည်။

အထူးသဖြင့် အမေရိကန်တွင် ချီလီပင်လယ်ကကတစ်ငါးဟု စျေးကွက်တင်ပြီး ငါးကင်များအဖြစ်ဖြင့် ရောင်းချကြသည်။

 

မျိုးသုဉ်းလုနီးပါးမျိုးစိတ်အဖြစ် အမျိုးအစား သတ်မှတ်ထားသည်။င ါးဖမ်းခြင်းကို နွေရာသီတွင် ဖမ်းဆီးခြင်း မပြုရန် တားမြစ်ထားခြင်း၊ ငါးဖမ်းသင်္ဘော အရွယ်အစားနှင့် ငါးဖမ်းပိုက် အကွက်များ၏ အရွယ်အစား ကန့်သတ်ချက်များစသည့် စည်းမျဉ်းများ လိုက်နာရမည်ဖြစ်ပါသည်။

 ငါးသွားကို တစ်ကမ္ဘာလုံး စားသုံးမှု၏ ၈၀ ရာခိုင်နှုန်းခန့်သည် တရားမဝင် ငါးဖမ်းခြင်းမှ ရရှိခြင်း ဖြစ်သည်ဟု ယူဆကြသည်။

ကမ္ဘာ့ငါးသွားဖမ်းမှု၏ လေးပုံတစ်ပုံခန့်မှာ ကိုရီးယားမှဖြစ်မည်ဟု သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထားသည်။

 

ကိုရီးယားကို တရားမဝင် ငါးဖမ်းသည့် နိုင်ငံများစာရင်းတွင် အမေရိကန်က ထည့်ထားဖူးသည်။

တရား မဝင်၊ အစီရင် မခံနှင့် စည်းကမ်း မလိုက်နာ မ၃လုံး ငါးဖမ်းခြင်း illegal, unreported and unregulated (IUU) fishing စာရင်းတွင် ကိုရီးယားကို ၂၀၁၃ နှင့် ၂၀၁၉ တို့တွင် ထည့်သွင်းခဲ့သည်။

ကိုရီးယားသည် အန္တာတိကတိုက်အနီးတွင် တရားမဝင် ငါးဖမ်းသင်္ဘောများ လုပ်ကိုင်နေသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

၂၀၁၃ တွင် စာရင်းဝင်နေခဲ့ရာမှ ၂၀၁၅ တွင် စာရင်းမှ နုတ်ပယ်ပေးခဲ့သည်။ တစ်ဖန် ၂၀၁၉ တွင် စာရင်းသွင်းခံရပြီး ၂၀၂၁ တွင် စာရင်းမှ နုတ်ပယ်ပေးခဲ့ပြန်သည်။

IUU နိုင်ငံ ဖြစ်နေပါက အမေရိကန်ဈေးကွက်သို့ ရေထွက်စားသောက်ကုန်များ တင်ပို့ခွင့် မရှိချေ။ IUU နိုင်ငံမှ ရေထွက်ပစ္စည်း တင်ဆောင်ထားသည့် သင်္ဘောသည် အမေရိကန်ရှိ ဆိပ်ကမ်းသို့ လာရောက်ခွင့် မရချေ။ 

Source koreajoongandaily

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Friday, 13 January 2023 10:02
Rate this item
(0 votes)