Korea



ကိုရီးယား ကော်ဖီတင်သွင်းမှု ၂၀၂၃ ခုနှစ်တွင် ၄၅.၁ ရာခိုင်နှုန်း ခုန်တက်

ကိုရီးယား ကော်ဖီတင်သွင်းမှု ၂၀၂၃ ခုနှစ်တွင် ၄၅.၁ ရာခိုင်နှုန်း ခုန်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ကိုရီးယားတွင် ကော်ဖီသောက်သုံးမှု ကြီးထွားလျက်ရှိသည်။

ကိုရီးယား၏ ကော်ဖီတင်သွင်းမှုသည် ၂၀၂၂ ခုနှစ် ပထမ ၁၁ လအတွင်း ယခင်နှစ်အလားတူကာလထက် ၄၅.၁% နီးပါး မြင့်တက်လာခဲ့သည်။

ဇန်နဝါရီမှနိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံ၏ ကော်ဖီတင်သွင်းမှုတန်ဖိုးသည် ဒေါ်လာ ၁.၁၉ ဘီလီယံအထိ ရှိလာကြောင်း ကိုရီးယား အကောက်ခွန်ဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

 

 ကိုရီးယား၏ နှစ်စဉ်ကော်ဖီတင်သွင်းမှု ကန်ဒေါ်လာ ၁ ဘီလီယံကျော်သွားသည်မှာ ၂၀၂၂ ခုနှစ်သည် ပထမဆုံး အကြိမ်ဖြစ်သည်။

၂၀၂၁ ခုနှစ်က ကော်ဖီတင်သွင်းမှု ပမာဏသည် လွန်ခဲ့သည့် နှစ် ၂၀ ထက် ၁၆ ဒသမ ၇ ဆ တိုးမြင့်ခဲ့သည်။

 

တန်ချိန်ပမာဏအရ ကိုရီးယားနိုင်ငံမှ ကော်ဖီတင်သွင်းမှုသည် ၎င်း ၁၁ လတာ ကာလအတွင်း တန်ချိန် ၁၈၇,၇၉၀ ခန့်ရှိခဲ့သည်။ ၂၀၂၁ တွင် တန်ချိန် ၁၇၁,၉၉၀ တင်သွင်းခဲ့သည်။

 

 ကိုရီးယားကော်ဖီ တင်သွင်းမှုသည် ၂၀၁၈ ခုနှစ်မှ စတင်ကာ ဆက်တိုက် မြင့်တက်လာခဲ့ပြီး ကိုးရီးယားတွင် ကော်ဖီသောက်သုံးမှုလည်း ပိုများလာခဲ့သည်။

အာရှ၏ စတုတ္ထအကြီးဆုံး နိုင်ငံစီးပွားရေးဖြစ်သော တောင်ကိုရီးယားတွင် ကော်ဖီသောက်သုံးမှု ပိုများလာသည်နှင့်အမျှ ကော်ဖီဆိုင်များလည်း ပိုများလာသည်။ ကော်ဖီဆိုင်အရေအတွက် လျက်မြန်စွာ တိုးလာသည်။

၂၀၂၂ ဒီဇင်ဘာလကုန်တွင် ကော်ဖီဆိုင် စုစုပေါင်း ၉၉,၀၀၀ ဝန်းကျင်အထိ ရှိလာသည်။ ယမန်နှစ်ထက် ၁၇.၄% ပိုများသည်။ လွန်ခဲ့သည့် ၄ နှစ်တုန်းကထက် ၁၀၂.၁% ပိုများလာသည်။ ကော်ဖီဆိုင် ၅၀,၀၀၀ ဝန်းကျင် တိုးသွားခြင်း ဖြစ်သည်။ အနောက်တိုင်း အစားအစာ စားသောက်ဆိုင်၊ ဂျပန်စားသောက်ဆိုင်၊ ကြက်ကြော်စားသောက်ဆိုင်၊ အမြန်ရစားသောက်ဆ်ုက်ခွဲများ စသည့်တို့ တိုးသည့် အရေအတွက်ထက် ကော်ဖီဆိုင် တိုးသည့် အရေအတွက်က ပိုများခဲ့ပါသည်။ 

Source Yonhap

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 13 January 2023 09:47
Rate this item
(0 votes)