Korea



ကိုရီးယား စားသောက်ကုန်လုပ်ငန်းများ ရုရှားတွင် အမြတ်ကြီးထွား

ကိုရီးယား စားသောက်ကုန်လုပ်ငန်းများ ရုရှားတွင် အမြတ်ကြီးထွား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တောင်ကိုးရီးယား စားသောက်ကုန် ထုတ်လုပ်သူများသည် ရုရှားတွင် ၎င်းတို့၏ လုပ်ငန်းကို တိုးချဲ့နေပြီး အမြတ်အစွန်းများ ကြီးထွားလျက်ရှိသည်။

.

ယူကရိနိးကျူးကျော်စစ်ကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများက ပြည်ပကုမ္ပဏီများ ရုရှားမှ ထွက်ခွာကြရာ အမေရိကန်မှ အမြန်ရ စားသောက်ဆိုင်ခွဲများလုပ်ငန်း McDonald's ၊ ကော်ဖီလုပ်ငန်း Starbucks တို့သည် ရုရှားဈေးကွက်မှ  ယမန်နှစ်က နုတ်ထွက်ခဲ့ကြသည်။

.

တောင်ကိုရီးယား အစိုးရသည် ဆီမီးကွန်ဒတ်တာကဲ့သို့သော ကုန်ပစ္စည်းအချို့အပေါ်  ရုရှားသို့ တင်ပို့ခြင်း မပြုရန် ပို့ကုန်ထိန်းချုပ်မှုများ ချမှတ်ထားသော်လည်း စားသောက်ကုန်များ အကျုံးမဝင်ပါ။ သို့ဖြစ်ရာ ကိုရီးယား စားသောက်ကုန် ထုတ်လုပ်သူများသည် စားသောက်ကုန်များကို တင်ပို့ခြင်းနှင့် ရုရှားတွင် ထုတ်လုပ်ခြင်းတို့ကို တိုးချဲ့လုပ်ကိုင်ကြသည်။

.

Choco Pie နှင့် အခြားအဆာပြေ စားစရာများအတွက် လူသိများသော ဆိုးလ်အခြေစိုက် စားသောက်ကုန်ထုတ်လုပ်သူ Orion ၏ ရုရှားတွင် ရောင်းအားသည်  ယခုနှစ် ပထမ၃လပတ်တွင်ဝမ် ၄၈.၂ ဘီလီယံ (ကန်ဒေါ်လာ ၃၆ ဒသမ ၁ သန်း) ရှိပြီး ယမန်နှစ် ရောင်းအားထက်  ၅၉.၁% ခုန်တက်သွားသည်။

၂၀၂၂ ခုနှစ် တစ်နှစ်တာ ရောင်းအား ဝမ် ၁၈၂ ဘီလီယံ ရှိခဲ့သည်။ အမြတ် ဝမ် ၃၄.၈ ဘီလီယံ ရရှိခဲ့သည်။

.

 ရုရှားနိုင်ငံ Tver မြို့တွင် Orion က စက်ရုံသစ် ထူထောင်ပြီး Choco Pies နှင့် ကွတ်ကီးများ တိုးမြှင့် ထုတ်လုပ်သည်။ စက်ရုံကို ကျူးကျော်စစ် မစခင် ၂၀၂၀ တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယမန်နှစ် ဇွန်လတွင် ထုတ်လုပ်မှုများ စတင်ခဲ့သည်။

 

လူသိများသော Doshirak အသင့်ပြုတ်စား ခေါက်ဆွဲ‌ခြောက်ထုပ်နှင့် အခြားစားသောက်ကုန်များ ထုတ်လုပ်သူ Paldo သည် ၎င်း၏လုပ်ငန်းကို တိုးချဲ့ရန်အတွက် ရုရှားနိုင်ငံရှိ စပိန်အစားအစာကုမ္ပဏီ GBfoods ၏ စက်ရုံကို အောက်တိုဘာလတွင် ဝယ်ယူခဲ့သည်။

.

Paldo ၏ ရုရှားမှ လုပ်ငန်းခွဲ Doshirak Rus သည် ၂၀၂၂ ခုနှစ်က အသားတင်အမြတ် ဝမ် ၉၀.၆ ဘီလီယံ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်ကထက် ၇၉.၃% ပိုများသည်အထိ ခုန်တက်သွားခဲ့သည်။

.

ယခင်က Lotte Confectionery အမည်ဖြင့် လုပ်ကိုင်ခဲ့သော Lotte Wellfood သည် Lotte Group ၏ လက်အောက်ခံ လုပ်ငန်း ဖြစ်သည်။ 

Lotte Wellfood သည် ယခုနှစ် ပထမ၃လပတ်တွင် အမြတ် ဝမ် ၃.၅ ဘီလီယံ ရရှိသည်။

Lotte သည် Choco Pie အဆာပြေစားစရာကို ဈေးတင်ရောင်းပြီး အမြတ်ပိုမိုရယူခဲ့သည်။

 

Lotte အမည်အသစ်ဖြင့် ကမ္ဘာ့ဈေးကွက်ထဲ ချဲ့ထွင်မည်

https://www.foodindustrydirectory.com.mm/food-industry/cuisine/korea/item/5961-lotte.html


.

Orion သည် Choco Pie ကို ၁၉၇၄ ခုနှစ်တွင် တောင်ကိုရီးယားမှာ စတင်ထုတ်လုပ်ခဲ့သည်။

Lotte ကလည်း Choco Pie ကို ၁၉၇၈ ခုနှစ်တွင် တောင်ကိုရီးယားမှာ စတင်ထုတ်လုပ်သည်။

.

၁၉၉၇ ခုနှစ်တွင် Orion သည်  Lotte ကို  အမည် ခိုးယူမှုဖြင့် တရားစွဲခဲ့သော်လည်း Choco Pie သည် အများသုံး ဝေါဟာရအခေါ်အဝေါ်ဟုဆိုကာ တရားရုံးမှ ပယ်ချခဲ့သည်။

ဘူးပေါ်တွင် Orion  က ၁၉၇၄ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြလေ့ရှိပြီး Lotte က စတင်ထုတ်လုပ်သည့်နှစ်ကို ဖော်ပြလေ့ မရှိပေ။

 

photo_2023-05-29_18-33-45.jpg

Source asia.nikkei

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 29 May 2023 18:41
Rate this item
(0 votes)