Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဒူးရင်းသီး ကျောက်ကျော


ဒူးရင်းသီးကြိုက်သူများနဲ့ ၀ါတွင်းအချိန်သမယမှာ အလှူလုပ်ချင်လို့ပဲဖြစ်ဖြစ် အိမ်တွင် မိသားစုဆုံတုန်းလေး စားချင်လို့ပဲဖြစ်ဖြစ်

လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ဒူးရင်းသီး ကျောက်ကျော ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ဒူးရင်းသီး၊ ကျောက်ကျောမှုန့်၊ နို့ဆီ၊ သကြား၊ အုန်းနို့ တို့ပါဝင်ပါမယ်။

 

 

ဒူးရင်းသီးကို အများကြီး သုံးဖို့မလိုဘဲ ကျောက်ကျော တစ်ထုပ်စာအတွက် ဒူးရင်းအသား ထူထူ တစ်မွှာ၊ နှစ်မွှာလောက်ဆိုရင် အဆင်ပြေစေမှာဖြစ်ပါတယ်။

 

 

ပထမဦးဆုံး ဒူးရင်းသီး ကို အသားနွှင်ထားပါ။

 

 


ပြီးလျှင် နို့ဆီနဲ့ ဒူးရင်းသီးအသားတို့ကို ရောပြီး ကြေအောင်မွှေပေးပါ။

 

 


ပြီးနောက် ကျာက်ကျော အစိမ်းရောင် တစ်ထုတ်ကို ရေ နဲ့ သကြား ရောမွှေပေးပြီး ကျိုလိုက်ပါ။

 

 


အုန်းနို့ကိုလည်း ထည့်မွှေပေးပါ၊

 

 



ပြီးလျှင် ကျောက်ကျောမှုန့် ပျော်သွားတဲ့အခါ ဒူးရင်းသီး ထည့်မွှေပေးပြီး မီးဖိုပေါ်မှ ချ၍ လင်ဗန်းထဲသို့ထည့်ပြီး အအေးခံထားပါ။

 

 


ခဲသွားတဲ့အခါ မိမိတို့ ကြိုက်နှစ်သက်သလို လှီးပြီး သုံးဆောင်နိုင်ပါတယ်။

 

 

Read More >>>>>  ပိန်းဥ ကျောက်ကျောပြုလုပ်နည်း

Read times Last modified on Tuesday, 18 September 2018 11:34
Rate this item
(2 votes)