Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကချင်စတိုင်လ် ငါးချက်



ငါးကို ပုံစံအမျိုးမျိုးဖြင့် ချက်စားရတာ ငြီးငွေ့သူများအတွက် အဆင်ပြေစေမည့်အပြင် လွယ်လင့်တကူလည်း ပြုလုပ်နိုင်တဲ့အတွက်ကြောင့် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 


ပါဝင်သောပစ္စည်းများကတော့ ငါး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်းမှုန့်၊ ဆီ၊ မန်ကျည်းမှည့်တို့ လိုအပ်ပါမယ်။

 



ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီး အတုံးကလေးများဖြစ်အောင် တုံးထားပါ။

 

 

ပြီးလျှင် ချင်းနှင့် ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းထားပါ။

 

 


ပြီးနောက် ငါးကို ပန်းကန်တစ်ခုထဲထည့်၍ ထောင်းထားသော ချင်း၊ ကြက်သွန်ဖြူထည့်၊ ဆား၊ နနွင်းတို့ထည့်ပြီး ခဏနှပ်ထားပါ။

 

 


ပြီးနောက် ကြက်သွန်နီကိုထောင်းပါ။ ရှမ်းနံနံ၊ ပင်စိမ်း၊ ဖက်ဖက်ရွက်နှင့် ငရုတ်သီးတို့ ကိုလည်း ထောင်းထားပါ။ မန်ကျည်းရေကို ရေနွေးလေးဖြင့်စိမ်ထားပါ။

 

 


ပြီးလျှင် ချက်မည့်အိုးထဲသို့ ဆီထည့်၊ ဆီပူလာလျှင် ထောင်းထားသော ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်တို့ ကိုဆီသတ်ပါ။

 

 


အနံ့မွှေးလာလျှင် နှပ်ထားသော ငါးများကိုထည့်လုံးပါ။ ရေကို ငါးရဲ့ တစ်ဝက်ခန့် မြုပ်အောင်ထည့်ပြီးတည်ပါ။ ပွက်လာလျှင် ရေနွေးစိမ်ထားသော မန်ကျည်းရည်ကိုထည့်ပါ။

 

 


မိနစ်အနည်းငယ်ကြာလျှင် အပေါ့အငန်မြည်းကြည့်ပြီး မီးဖိုပေါ်မှချ၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 10:33
Rate this item
(3 votes)