Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အစပ်ကြိုက်သူများအတွက် ရခိုင်မုန့်တီသုပ်

မိုးတွင်းမှာ ရခိုင်မုန့်တီလေး လုပ်စားချင်သူများအတွက် အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ မုန့်ဖတ်၊ ငရုတ်သီးအနှစ်၊ မန်ကျည်းရည်၊ ဆား (သို့) ငံပြာရည်၊ ပဲကြော် (သို့) ငါးဖယ်ကြော်၊ ဟင်းခတ်မှုန့်၊ ဆီချက်၊ နံနံပင်၊ ကြက်သွန်နီ တို့ လိုအပ်ပါမယ်။

 

မိမိစားနိုင်မယ် ထင်သလောက် မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်လိုက်ပါ။

 

ပြီးလျှင် ချက်ထားတဲ့ ငရုတ်သီးအနှစ်ကို မိမိစိတ်ကြိုက် အစပ်ပေါ်မူတည်ပြီး ထည့်ပါ။

 

ပြီးနောက် မန်ကျည်းရည် အနည်းငယ်ထည့်လိုက်ပါ။

 

ပြီးလျှင် ဆား (သို့) ငံပြာရည် ထည့်လိုက်ပါ။

 

ပြီးနောက် ဆီချက်ကြိုက်သူတွေ ထည့်စားဖို့အတွက် ဆီချက်ထည့်၊ မစားရင်လည်း မထည့်ပါနဲ့။

 

ပြီးလျှင် ရခိုင်မုန့်တီသုပ်အတွက် ငရုပ်သီးအနှစ်ချက်က အဓိက ကျပါတယ်။

 

ပြီးနောက် မုန့်တီသုပ်ဆိုရင် မန်ကျည်းရည်ဖြင့် သုပ်စားရတာ ကြိုက်ပြီး တချို့ ကလည်း သံပုရာသီး အနည်းငယ်ညှစ်ထည့်ကာ ကြက်သွန်နီပါးပါးလေး လှီးထည့်၍ စားကြပါတယ်။

 

Read More >>>>>  ပိန္နဲသီး၏ အကျိုးကျေးဇူးများ

 

ပြီးလျှင် မိမိတို့စိတ်ကြိုက် ပဲကြော် (သို့) ငါးဖယ်ကြော်ညှပ်ပြီးထည့်၍ ရောသုပ်လိုက်ပါ။

 

ပြီးနောက် မုန့်တီသုပ် သုပ်ပြီးပြီဆိုရင်တော့ အပေါ်ကနေ နံနံပင်ညှပ်ထားတာလည်းကို ထည့်လိုက်ပါ။

 

ပြီးရင်တော့ ရခိုင်မုန့်တီလေးကို ဟင်းချိုလေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 25 June 2019 17:18
Rate this item
(1 Vote)