Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းဒေသအစားအစာ ငါးထမင်းနယ်

ရှမ်းဒေသအစားအစာဖြစ်ပြီး စားလို့အရမ်းကောင်းတဲ့ ငါးထမင်းနယ်ကိုတော့ လူတော်တော်များ လုပ်တတ်ကြမယ်လို့ ထင်ပါတယ်။

 

လုပ်နည်းလေးကတော့ လွယ်ကူမြန်ဆန်စေပြီး အရသာရှိတဲ့ အစားအစာဆိုရင်လည်း မှားမယ်မထင်ပါဘူး

 

 

 

ပါဝင်ပစ္စည်းတွေကတော့ ထမင်း၊ ခရမ်းချဉ်သီး၊ ငါး၊ အာလူး၊ ပဲပုပ်ထောင်း၊ ကြက်သွန်ဖြူဆီချက်၊ ဂျူးမြစ်၊ ငရုတ်သီးတောင့်ကြော် တို့ လိုအပ်ပါမယ်။

 

 

 

ပထမဦး ဆန်ကို ရေဆေးပြီး အရင်ကထက် ရေပိုထည့်ပြီး အနည်းငယ်ပျော့နေအောင် တည်ထားပေးပါ။

 

 

 

ပြီးလျှင် ခရမ်းချဉ်သီးကို နူးအောင် ပြုတ်လိုက်ပါ။ ပြီးနောက် အအေးခံပြီး ချေထားပါ။

 

 

 

ပြီးရင် ငါးကိုလည်း ဆား၊ နနွင်းမှုန့်အနည်းထည့်၍ ရေခမ်းသည်အထိ ပြုတ်ပြီး အရိုးနွှင်ထားပါ။

 

 

 

ပြီးလျှင် အာလူးကိုလည်း ပြုတ်ပြီး ကြေအောင် ချေထားပေးပါ။

 

 

 

ပြီးနောက် ရှမ်းပဲပုပ်နှစ်ချပ်ခန့်ကို မီးကင်၍ ကြေညက်အောင် ထောင်းထားပါ။

 

 

 

ပြီးလျှင် ထမင်း၊ ခရမ်းချဉ်သီးအနှစ်၊ အာလူးနှင့် ငါးများကို ရောမွှေကာ စေးပိုင်သည်အထိ နယ်ပေးထားပါ။

 

 

 

ပြီးလျှင် ဟင်းခတ်မှုန့်၊ ဆား အနည်းငယ်ထည့်၍ အရသာမြည်းကြည့်ပါ။

 

 

အရသာအနေတော်ဆိုရင်တော့ ကြက်သွန်ဖြူဆီချက်ဆမ်း၊ ဂျူးမြစ်၊ ငရုတ်သီးတောင့်ကြော်တို့နှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

 

 

Read times Last modified on Tuesday, 25 September 2018 17:56
Rate this item
(3 votes)