Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ် ပြောင်းဖူးနဲ့ အာလူး ချိုချဉ်ကြော်

ဝါတွင်းကာလအချိန်ကာလမှာ သက်သတ်လွတ်စားသူများအတွက် ခံတွင်းမြိန်စေမယ့် သက်သတ်လွတ် ပြောင်းဖူးအသေးနဲ့ အာလူးချိုချဉ်ကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ပြောင်းဖူး၊ ပြောင်းဖူးအသေး၊ အာလူး၊ ဂျုံ၊ ကော်မှုန့်၊ မုန်လာဥနီ၊ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးဆော့စ်၊ ရှာလကာရည်၊ ချင်း၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး အာလူးကိုရေဆေးပြီး နူးနေအောင် ပြုတ်ထားပါ။ အာလူးနူးအိနေတော့မှ  ကြေအောင်ချေရတာလဲ အဆင်ပြေပြီး လွယ်ကူမှာဖြစ်ပါတယ်။ အာလူးနူးရင် အခွံခွာပြီး ချေပေးထားပါ။

 

ပြောင်းဖူးကို ပြုတ်ပြီး စေ့များကိုဓားဖြင့် လှီးထားပါ။ မုန်လာဥနီကို အခွံများခြစ်ပြီး အချောင်းသေးလေးများ လှီး၍ အတုံးသေးလေးများဖြစ်အောင် တုံးပေးထားပါ။

 

အားလုံးအဆင်သင့်ဖြစ်ရင် ချေထားသော အာလူးထဲသို့ လှီးထားတဲ့ပြောင်းဖူးရယ် မုန်လာဥ အတုံးသေးလေးများကို ရောထည့်လိုက်ပါ။  ပြီးလျှင် တစ်ခါတည်း ဂျုံမှုန့်၊ ဆား၊ ငရုပ်ကောင်းမှုန့်တို့ကို ထည့်ပြီး  သေချာနှံ့အာင်နယ်ပေးပါ။ အရသာများနှံ့အောင် အားလုံးနယ်ပြီးပါက ခပ်ထူထူ အဝိုင်းလေးများ လုံးထားပါ။

 

မီးဖိုပေါ်ဒယ်အိုးတင်ပြီး အိုးပူအောင်ထားပါ။ ပြီးလျှင် ဆီထည့်လိုက်ပါ။ ဆီပူလာပါက လုံးထားတာများကို ထည့်ကြော်လိုက်ပါ။

 

မိနစ်အနည်းငယ်ကြာကြော်ပြီးလျှင် တစ်ဖက်မှ အခြားတစ်ဖက်သို့ လှည့်ပေးပြီး နှစ်ဖက်စလုံး ရွှေရောင်သန်းလာပြီး အနံ့မွှေးလာသည်အထိကြော်ပေးထားပါ။ ပြီးရင်တော့ မီးပိတ်လိုက်ပါ။

 

ချိုချဉ်ကြော်အတွက် အရသာကိုကြိုတင်ပြီး စပ်ထားပါ။  ပန်းကန်လုံးတစ်လုံးထဲကို ခရမ်းချဉ်သီ်းဆော့စ်၊ ရှာလကာရည်၊ ဆား၊ သကြား၊ ကော်မှုန့်၊ ငရုပ်ကောင်းမှုန့်၊ ရေ တို့ကို အားလုံးရောထည့်ပြီး နှံ့အောင်မွှေပေးထားပါ။

 

ပြီးရင်တော့ ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူကို လှီးဖြတ်ထားပါ။ ချင်းကို အချောင်းကလေးများဖြစ်အောင် လှီးဖြတ်ထားပါ။ ပြီးရင် မီးဖိုပေါ် ဒယ်အိုတင်ပြီး အိုးပူအောင်ထားပါ။ ဒယ်အိုးပူလာလျှင်တော့ ဆီထည့်လိုက်ပါ။ ဆီပူလာတော့မှ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ထည့်ပြီး ဆီသတ်ပေးပါ။

 

ဆီသတ်တဲ့အနံ့မွှေးလာရင်တော့ ပြောင်းဖူးထည့်ပြီးမွှေပေးပါ။ ပြီးရင်တော့ စပ်ထားတဲ့ ဆော့စ်ကို ထည့်ပြီး မွှေပေးပါ။

 

မိမိစိတ်ကြိုက် အရသာကို ရပြီဆိုရင်တော့ မီးပိတ်လိုက်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ သက်သတ်လွတ်ပြောင်းဖူးချိုချဉ်ကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times
Rate this item
(1 Vote)