Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ငါးပိရည်ကျိုထမင်းသုပ်

ထမင်းစားချင်စိတ်မရှိသူများတွက် ခံတွင်းမြိန်စေမယ့်အပြင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ငါးပိရည်ကျိုထမင်းသုပ်လေးကို လုပ်စားဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ထမင်း၊ ငါးပိရည်ကျို၊ အသားမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်၊ ငရုတ်သီး အကျက်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ထမင်းကို အရင်တည်ထားပေးပါ။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အအေးခံပေးပါ။

 

ပြီးနောက် ထမင်း၊ ငါးပိရည်ကျို၊ အသားမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်၊ ငရုတ်သီးအကျက်မှုန့်တို့ကို ထည့်ပြီး ရောမွှေပေးပါ။

 

Read More >>>> အရသာရှိတဲ့ ပြောင်းဖူးသုပ်

 

ပြီးလျှင် အပေါ့အငန်မြည်းကြည့်ပါ။ အပေါ့အငန်ရပြီဆိုရင်တော့ ပန်းကန်လုံးထဲကိုထည့်ပြီးမှ ပန်းကန်ပြားထဲကို ခွက်ပုံစံအတိုင်းလေးထည့် တွဲဖက်စားရမယ့် ကြက်သားကြော်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သခွားသီး၊ မုန်လာဥနီတို့ကို ပန်းကန်ဘေးပတ်လည်တွင် ပုံပြီး သုံးဆောင်နိုင်ပါတယ်။

 

Read times
Rate this item
(1 Vote)