Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အရသာရှိတဲ့ ပြောင်းဖူးသုပ်

ပြောင်းဖူးကို ဘယ်လိုပုံစံလုပ်လုပ် ပြုတ်စားစား၊ ဖုတ်စားစား အရသာကောင်းမွန်တဲ့ ပြောင်းဖူးဖြစ်ပါတယ်။

ယခုတော့ ပြောင်းဖူးကို စားလေ့စားထပုံစံအတိုင်းမဟုတ်ဘဲ အသုပ်ပုံစံလေးဆိုတော့ နေ့လည်ဘက်တွင် အပျင်းပြေပဲဖြစ်ဖြစ် အဆာပြေစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါင်ပစ္စည်းများကတော့ ပြောင်းဖူး၊ သခွားသီး၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆန်ရှာလကာရည်၊ ဆား တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး အိုးထဲရေထည့်ပြီး မီးဖိုပေါ်တင်၍ ပြောင်းဖူးကို ပြုတ်ပေးထားပါ။ ပြီးလျှင် အအေးခံပြီး ပြောင်းဖူးကို ချွေထားပါ။

 

ပြီးနောက် သခွားသီး၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို လှီးဖြတ်ထားပါ။

 

ပြီးရင်တော့ သခွားသီး၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ပြုတ်ထားတဲ့ ပြောင်းဖူးတို့ကို ပန်းကန်တစ်ချပ်ထဲသို့ သပ်သပ်စီထည့်ထားပါ။

 

အနှစ်အတွက် ဆား၊ ရှာလကာရည်၊ ရေတို့အကုန်လုံးကို ခွက်တစ်ခွက်ထဲရောမွှေပြီး ပြောင်းဖူးသုပ် ပေါ်လောင်းချပါ။

 

ပြီးရင်တော့ မိမိတို့ ကြိုက်နှစ်သက်သလို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

 

 

 

Read times
Rate this item
(1 Vote)