Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ကြီးငါးသုပ်

ပြည်ကြီးငါးသုပ် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူလုပ်စားနိုင်ပြီး

ထမင်းမြိန်စေမည့် ပြည်ကြီးငါးသုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပြည်ကြီးငါး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ သံပရာရည်၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပြည်ကြီးငါးကို ရေဆေးသန့်စင်ပြီး အတုံးကိုစိတ်ကြိုက်လှီးထားပါ။ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲသို့ ပြည်ကြီးငါးနှင့် သံပရာသီးတစ်စိတ်ထည့်ပြီး မိနစ်အနည်းငယ်ထည့်ပြုတ်ထားပါ။ ပြီးလျှင် ဆယ်ယူပြီး ရေစစ်ထားပါ။

 

ကြက်သွန်နီကို ပါးပါးလှီးထားပြီး တရုတ်နံနံကို လက်တစ်ဆစ်ခန့်လှီးထားပါ။ ငရုတ်သီးနှင့် ကြက်သွန်ဖြူကို နုပ်နုပ်လှီးထားပါ။ ခရမ်းချဉ်သီးအမြှောင်းလိုက်လှီးထားပြီး ပန်းကန်တစ်ချပ်ထဲထည့်ထားပါ။

 

အသီးအရွက်များ၊ ပြုတ်ထားသောပြည်ကြီးငါးနှင့်အတူထည့်ကာ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ သံပရာရည်ထည့်ပြီး သမအောင်မွှေပေးပါ။

 

ပြည်ကြီးငါးပြုတ်ရည်ကို အနည်းငယ်စိုရုံထည့်ပြီး အရသာချိုချဉ်ငန်စပ်မြည်းကြည့်ပြီး ပန်းကန်တွင် တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:20
Rate this item
(1 Vote)