Myanmar
မြန်မာနိုင်ငံ၏ရေထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများကို လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဖြင့် အဆင့်မြှင့်တင်ပေး
သြဂုတ်လ၁၃ရက်နေ့တုန်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားလှယ်များနှင့်အတူလန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၁၈)ဖြင့် ဆောင်ရွက်လျက်ရှိသည့်အငယ်စား၊အလတ်စားမိရိုးဖလာနည်းဖြင့် ပြုပြင်ထုတ်လုပ်လျက်ရှိသော ရေထွက်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတကာ လိုအပ်ချက်များနှင့်အညီလိုက်နာဆောင်ရွက်နိုင်ရေးတိုးတက်မှု အပြင် စီမံကိန်းဆိုင်ရာတိုးတက်မှုအခြေအနေများကို ပူးတွဲလေ့လာစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ငါးပိရည်၊ငါးပိထောင်းသည် မဲခေါင်မြစ်တစ်လျှောက်နိုင်ငံများမှ ပြည်သူများအလွန်ကြိုက်နှစ်သက်သောအရေးပါတဲ့ အရံဟင်းတစ်မျိုးဖြစ်ပါတယ်။
၂၀၁၈ခုနှစ်တွင် တရုတ်နိုင်ငံအစိုးရ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အမေရိကန်ဒေါ်လာ၅သိန်းရင်းနှီးထည့်ဝင်၍ မြန်မာနိုင်ငံ၏အငယ်စား၊အလတ်စားမိရိုးဖလာနည်းဖြင့်ပြုပြင်ထုတ်လုပ်လျက်ရှိသောရေထွက်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရန်အတွက် ကူညီထောက်ပံ့ ပေးခဲ့ပါတယ်။
သက်ဆိုင်ရာစီမံကိန်းကို ၂၀၁၉ခုနှစ်ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရေထွက်ပစ္စည်းများအဓိကထုတ်လုပ်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အရည်အသွေးအာမခံစနစ်ထူထောင်ကာ သင်တန်းပေးမှုများနှင့် နည်းပညာပြုပြင်မှုများ ဆောင်ရွက်၍ မိရိုးဖလာနည်းဖြင့်ပြုပြင်ထုတ်လုပ်လျက်ရှိသော ရေထွက််ပစ္စည်းများဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအခက်အခဲများကို ထိရောက်စွာဖြေရှင်းပေးနိုင်ခဲ့ပါတယ်။
လက်ရှိမှာ သင်တန်းပေးမှုအနေနဲ့ ၁၈ကြိမ်ဆောင်ရွက်ပေးထားနိုင်ပြီး သင်တန်းသား၊သင်တန်းသူဦးရေ ၁၅၇၅ဦး အပြင် ကုမ္ပဏီ၆ခုအတွက် ရေသန့်စင်စက်ပစ္စည်းကိရိယာများ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ယခုအခါ အငယ်စား၊အလတ်စားရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်ရေးလုပ်ငန်း ၃၆ခုက စားသောက်ကုန် အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ရရှိထားပြီး ဖြစ်ပါတယ်။ ၎င်းစီမံကိန်းကို ၂၀၂၁ခုနှစ် မတ်လကုန်မှာ ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း သိရပါတယ်။
By Myanmar Food Industry Guide
Chinese Embassy in Myanmar