Myanmar



လွိုင်ကော်တွင် ငရုတ်သီးခြောက် စျေးအနည်းငယ်မြင့်တက်လျက်ရှိ

လွိုင်ကော်တွင် ငရုတ်သီးခြောက် စျေးအနည်းငယ်မြင့်တက်လျက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင် စိုက်ပျိုးကြသည်။

 

လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေးရွာတို့တွင် အဓိက စိုက်ပျိုးလျက်ရှိပြီး ငရုတ်သီးခြောက်တောင့်ရှည်နှင့် အပုခြောက် (ကုလားအော်သီးခြောက်) ဟူ၍ နှစ်မျိုးရှိပြီး ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် ၁၄၀၀၀ နှင့် ကုလားအော်သီးခြောက် တစ်ပိဿာလျှင် ၂၀၀၀၀ စျေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

 

နိုဝင်ဘာလ ဒုတိယပတ်တွင် ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် ကျပ် ၁၃၅၀၀ ကုလာအော်သီးခြောက် တစ်ပိဿာလျှင် ကျပ် ၁၉၅၀၀ ရှိခဲ့ပြီး ဒီဇင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်လျှင် ငရုတ်သီးခြောက်ရှည် တစ်ပိဿာလျှင် ကျပ် ၅၀၀၊ ကုလားအော်သီးခြောက်တစ်ပိဿာလျှင် ကျပ် ၅၀၀ ခန့် မြင့်တက်လျက်ရှိကြောင်း ငရုတ်သီးခြောက် ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

 

Source: The Mirror

Myanmar Food Industry Guide

Read times
Rate this item
(0 votes)