Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဥနဲ့ လက်ဖက်ချဉ်စပ် အကြွပ်ကြော်

ကြက်ဥကို ပုံစံအသစ်အဆန်းနဲ့ စားချင်သူများအတွက် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့  ကြက်ဥ နဲ့လက်ဖက်ချဉ်စပ် အကြွပ်ကြော်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်ဥ၊ လက်ဖက်ချဉ်စပ်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဆီ၊ ခရမ်းချဉ်သီး၊ ငံပြာရည် တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပန်းကန်လုံးထဲသို့ ကြက်ဥဖောက်ထည့်ပြီး ခလောက်လိုက်ပါ။ ပြီးလျှင် လက်ဖက်ချဉ်စပ်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဆီ၊ ခရမ်းချဉ်သီး၊ ငံပြာရည် အစရှိတဲ့ ပါဝင်ပစ္စည်းများထည့်ပြီး  သမအောင် ရောမွှေပေးပါ။

 

ပြီးလျှင် အရသာကို ကိုယ့်စိတ်တိုင်းကျ လိုတာ ထပ်ဖြည့်ပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်ဥအနှစ်များကို ဇွန်းခွက်ဖြင့် တစ်ဇွန်းခပ်ကာ ဒယ်အိုးထဲ ခပ်ပါးပါး ဖြန့်ပြီး ကြော်ပေးပါ။

 

ကြက်ဥ အနားကြွပ်ရွလာလျှင် တစ်ဖက်လှန်လိုက်ပါ။

 

ကျက်ပြီ ဆိုရင်တော့ ထမင်းပူပူလေးနဲ့ ကြက်ဥလက်ဖက်ချဉ်စပ်လေးကို တည်ခင်း သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 16 November 2018 10:59
Rate this item
(2 votes)