Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဂေါ်ဖီ ဖျော်ရည်

ဂေါ်ဖီကို ဖျော်ရည်လုပ်သောက်လို့ရတယ်ဆိုတာကို လူတိုင်း မသိကြသေးပါဘူး။ အောက်တွင်

ဂေါ်ဖီဖျော်ရည်လုပ်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။




လိုအပ်တဲ့ပစ္စည်းတွေကတော့ အော်ဂဲန်းနစ် ဂေါ်ဖီ၊ ဆား တို့ လိုအပ်ပါမယ်။

 



ပထမဦးဆုံး ဂေါ်ဖီကို ပန်းသီးရှာလကာရည် ရောပြီး ရေနွေးနဲ့ စိမ်ပေးပါ။ ပန်းသီးရှာလကာရည်ဟာ ဂေါ်ဖီမှာပါတဲ့ ဓါတုမြေသြဇာတွေကို သဘာဝအတိုင်း ဖယ်ရှားပေးမှာဖြစ်ပါတယ်။

 

 

အော်ဂဲန်းနစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ဂေါ်ဖီကို အသုံးပြုရင်တော့ ပိုကောင်းပါတယ်။ အဲဒီနောက် ဂေါ်ဖီကိုလှီးပြီး ဖျော်စက်ထဲကို ဆားနဲ့ ရေပါအတူရော ထည့်လိုက်ပါ။

 

 

တကယ်လို့ ဂေါ်ဖီကို ဒီအတိုင်းမသောက်ချင်ရင် မုန်လာဥနီ နဲ့ နံနံပင် ထည့်ပြီးလည်း သောက်နိုင်ပါတယ်။

 

 

အိမ်မှာ ဖျော်ရည်ဖျော်တဲ့စက်ရှိရင် အရမ်းကိုလွယ်ကူပါတယ်။

 

 

ကြိတ်ပြီးရင် အဖုံးပါတဲ့ခွက်တစ်လုံးထဲသို့ထည့် အဖုံးဖုံးပြီး အခန်းထဲမှာ ၃ ရက်လောက်ထားပါ။ ၃ ရက်ကြာပြီးတဲ့နောက် အရည်ညစ်ထုတ်ပေးပါ။

 

 

ဖျော်ရည်ကို ရေခဲသတ္တာထဲထည့်ထားပါ။ အဲဒီနောက် ခွက်တစ်ခွက်ထဲကို ရေအညီအမျှရောပြီး သောက်သုံးနိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 11:37
Rate this item
(4 votes)