Myanmar
ခံတွင်းတွေ့စေမယ့် ဝက်သားချဉ်နှင့် ကြက်ဥကြော်
ထမင်းလည်းစားလို့မြိန်၊ ခံတွင်းလည်းတွေ့စေမယ့် ၀က်သားချဉ်နှင့် ကြက်ဥကြော်နည်းကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ၀က်သားချဉ်၊ ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ပဲငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ၀က်သားချဉ်ကို ခပ်ပါးပါးလှီးပြီး ချေထားပေးပါ။
ပြီးလျှင် ကြက်သွန်နီကို ခပ်ကြမ်းကြမ်းလှီးပြီး ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။
ပြီးနောက် ငရုတ်သီးစိမ်းကို ခွဲခြမ်းလှီးကာ နံနံပင်၊ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်ခန့် လှီးထားပါ။
ပြီးလျှင် ဒယ်အိုးကိုယူပြီး မီးဖိုပေါ်တင် ဆီအနည်းငယ်ထည့်ပြီး အပူပေး၍ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ဆီသတ်ပေးပါ။
ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ အနည်းငယ်နွမ်းလာလျှင် ၀က်သားချဉ်ကို ထည့်ကြော်လိုက်ပါ။
ပြီးနောက် ပဲငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာဖြည့်စွက်လိုက်ပါ။
ပြီးရင်တော့ ငရုတ်သီးစိမ်းခွဲခြမ်းတွေထည့်ကြော်လိုက်ပါ။
ပြီးနောက် ခေါက်ထားတဲ့ကြက်ဥကိုလောင်းချပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်လိုက်ပါ။
နောက်ဆုံးမှ လက်တစ်ဆစ်ခန့် လှီးထားတဲ့ကြက်သွန်မြိတ်လေးတွေအုပ်လိုက်ပါ။ ပြီးရင်တော့ ထမင်းမြိန်ပြီး ခံတွင်းတွေ့စေမယ့် ၀က်သားချဉ်နှင့် ကြက်ဥကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။