Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ခံတွင်းစေမယ့် ငါးမာလာ မြေအိုးချဉ်စပ်

လူကြီးရောကလေးများပါ ကြိုက်နှစ်သက်ကြပြီး ထမင်းမြိန်စေမယ့်အပြင် ခံတွင်းတွေ့စေမယ့် ငါးမာလာ မြေအိုးချဉ်စပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ငါးရံ့၊ ငုံးဥ၊ မျှစ်ချဉ်၊ မာလာအနှစ်၊ ဟွာကျောက်စေ့၊ ငရုတ်သီးအရောင်တင်မှုန့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ပဲငံပြာရည်အပျစ်၊ ဟင်းခတ်မှုန့်၊ သကြား၊ ရှမ်းနံနံ၊ ကုဆိုင်၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီးလျှင်  ငါးတစ်ကောင်လုံးကို လက်တစ်လုံးအနေအထား အကွင်းလေးတွေကို ဗိုက်နားပြတ်ထွက်မသွားအောင် လှီးပါ။

 

ပြီးလျှင် ငါးတစ်ကောင်လုံးကို လှပစွာ မြေအိုးထဲ ခွေထည့်လို့ရပါတယ်။ ငါးကို မြေအိုးထဲ လှပစွာ ခွေထည့်ပြီး မျှစ်ချဉ်ကို လက်တစ်လုံးစာလေးတွေ လှီးဖြတ်ထည့်ပါ။

 

ပြီးနောက် ငုံးဥပြုတ်ကို အခွံနွှာ ထည့်ပါ။ အသီးအနှံများကို သူ့နေရာနဲ့သူ စိတ်ကူးရသလို လှပစွာစီထည့်ထားပါ။

 

ငရုတ်သီး အရောင်တင်မှုန့်ကို ချင်း၊ ကြက်သွန်ဖြူနှင့် ရောထောင်းပြီး ဆီပူအိုးထဲ ဟွာကျောက်စေ့နှင့် အတူ မွှေးလာသည်အထိ ဆီသတ်ပါ။

 

မွှေးလာလျှင် မာလာဟင်းအနှစ် ထည့်ပါ။ ရေနွေးဆူဆူ လီတာဝက်ခန့်လောင်းပါ။ ဆား၊ အရသာ၊ သကြား၊ ပဲငံပြာရည် ထည့်ပါ။

 

ပြီးလျှင် ဟင်းရည်ကို ဆီသတ်ထားတဲ့အဖတ်တွေ မပါအောင် စစ်ထုတ်ပါ။ အရည်တွေကို မြေအိုးထဲက အဆာပလာတွေထဲထည့်ပြီး မီးရှိန်ပြင်းပြင်းနဲ့ ငါးမာလာကို မိနစ်အနည်းငယ်ကြာအောင် ချက်ပါ။ အပေါ့အငန် အရသာမြည်းပါ။

 

အိုးချခါနီး ငရုတ်သီးစိမ်းဓားပြားရိုက်၊ ရှမ်းနံနံ၊ ကုဆိုင်ကို လက်တစ်ဆစ် အနေအထားလေးတွေ ဖြတ်ထားတာ ထည့်ပါ။ သံပရာရည် ညှစ်ထည့်ပြီးလျှင် ပူစပ်မွှေး ငါးမာလာချဉ်စပ်ရပါပြီ။ မြေအိုးမရှိလျှင် သင့်တော်ရာအိုးနဲ့ ချက်လို့ ရပါတယ်။

Read times Last modified on Monday, 19 November 2018 12:11
Rate this item
(0 votes)