Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်ကောက်ညှင်းပြန်ပေါင်းနဲ့ ကောက်ညှင်းကင်

အိမ်မှာမိသားစုစားဖို့ပဲဖြစ်ြဖစ် အလှူအတန်းအတွက်ပဲဖြစ်ဖြစ် အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ပုစွန်ကောက်ညှင်းပြန်ပေါင်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ကောက်ညှင်း၊ အုန်းနို့၊ သကြား၊ ပုစွန်၊ နှမ်း၊ ငှက်ပျောဖတ် ဆား၊ နှမ်းဆီတို့ လိုအပ်ပါမယ်။

 

ကောက်ညှင်းကို တစ်ရက်ကြိုပြီး ရေစိမ်ထားပါ။ ပြီးလျှင် ပေါင်းမယ့် ခွက်ထဲတစ်ခါထဲထည့်လိုက်ပါ။  ပုစွန်ကိုလည်း အိုးကင်းတိုက်ပြီး အမှုန့်ဖြစ်အောင် ပြုလုပ်ထားပါ။

 

ကောက်ညှင်းဖြူဆိုရင် သကြားထည့်ပြီး။ ကောက်ညှင်းငါးချိတ်ဆိုလျှင် ထန်းလျက်ခဲထည့်ပါ။

 

ပြီးနောက် အုန်းနို့ရည်ကို ခွက်တစ်ခုထဲထည့်ပြီး သကြား၊ ဆား ထည့်၍ မွှေလိုက်ပါ။ ပျစ်လျှင် ရေထပ်ထည့်လိုက်ပါ။

 

ပြီးရင်တော့ ကောက်ညှင်းပေါင်းမည့်ခွက်ထဲကို ဇွန်းလေးနဲ့ဖြူးပြီး အုန်းနို့ရည်ထည့်လိုက်ပါ။

 

ပြီးနောက် ရေနွေးပွက်ပွက်ဆူနေတဲ့အိုးထဲကို ကောက်ညှင်းပေါင်းမယ့်ဟာထည့်ပြီး ပေါင်းပါမယ်။

 

ပေါင်းနေစဉ် နှမ်းနဲ့ဆားကို ထောင်းထားပါ။ ငှက်ပျောဖတ်ရွက်ကို လေးထောင့်ညှပ်ထားပါ။

 

နှမ်းထောင်းကို ခပ်ဖွဖွလေးပဲထောင်းထားပါ။ ကောက်ညှင်းကို အသာလေးမွှေပေးပါ။

 

အုန်းနို့နဲ့ဆန်ပျစ်လာလျှင် ပုစွန်ကို အပေါ်ကဖြူးလိုက်ပြီးမွှေပေးထားပါ။ ပြီးနောက် ပြန်ပေါင်းလိုက်ပါ။ ကောက်ညှင်းနပ်ပြီဆိုရင် ကောက်ညှင်းကင်ပါမယ်။

 

ငှက်ပျောရွက်ကို အရှည်အတိုနှစ်ခုထပ်  ဇွန်းမှာ နှမ်းဆီသုပ်ပြီး ကောက်ညှင်း၊ ပုစွန်အမှုန့်၊ နှမ်းလှော်ထည့်ပြီး ထုပ်ပါမယ်၊ ကောက်ညှင်းကင်ဖို့အတွက်
မီးသွေးမီးဖိုလိုအပ်ပါမယ်။ 

 

မီးအေးအေးနဲ့ကင်ပါမယ်။ ဟိုဘက်ဒီဘက် လှန်ပေးပါ။ ပြီးရင်တော့ အရသာရှိတဲ့ ကောက်ညှင်းကင်ကိုရပါပြီ။

 

ကောက်ညှင်းပြန်ပေါင်းကိုလည်း အပေါ်က အုန်းနို့လေးဆမ်းပြီးရင် မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်၊

Read times
Rate this item
(0 votes)