Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားလုံးကြော်

ကလေး၊ လူကြီးတွေ ကြိုက်နှစ်သက်မယ့် စားစရာ ၀က်သားလုံးကြော်လေးကို အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်ပါတယ်။


အိမ်ရှင်မတွေအတွက်ကတော့ ဒီအသားလုံးကြော်ထားပြီး အရည်သောက်ဟင်းလေးတခွက်ချက် ဒါမှမဟုတ် အသားလုံးချိုချဉ်ကြော်ဆိုပြီး ချက်လို့ ရပါတယ်။ ကလေးတွေ ထမင်းဘူးအတွက် အဆင်လည်းပြေစေမှာဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဝက်သား၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ တရုတ်မဆလာ၊ ပဲငံပြာရည်အကျဲ၊ ဂျုံမှုန့်၊ သကြား၊ ချင်း၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ၀က်သားကြိတ်ပြီးသားကို အလွယ်တကူမရလျှင် ၀က်သားကို ရေဆေးသန့်စင်ပြီး ကြိတ်စက်တွင် ကြိတ်ထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓားပြားရိုက်၍ နုတ်နုတ်စင်းထားပါ။

 

ပြီးရင်တော့ အသားကြိတ်ပြီးသားကို ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ တရုတ်မဆလာ၊ ပဲငံပြာရည်အကျဲ၊ ဂျုံမှုန့်၊ သကြား၊ ချင်း၊ ဆား တို့နဲ့ နှံ့အောင်ရောနယ်ထားပြီး နာရီဝက်ကြာအောင် နှပ်ထားပါ။


ပြီးနောက် အလုံးကလေးများလုံးထားပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ၀က်သားလုံးထားတာကို ထည့်ကြော်လိုက်ပါ။ ရွှေရောင်သန်းလာသည်အထိ ကြော်ပြီးရင်တော့ ဆီစစ်ထားပါ။

 

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ၀က်သားလုံးကြော်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read 2316 times
Rate this item
(0 votes)