Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ရခိုင်စတိုင် ငါးနီတူသုပ်

ချဉ်စပ်အရသာလေးကြိုက်နှစ်သက်သူတွေအတွက် ထမင်းမြိန်စေမယ့် ရခိုင်စတိုင် ငါးနီတူသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငါးနီတူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ မျှင်ငါးပိ၊ သံပရာရည်၊ ရှောက်ရွက်၊ သကြား တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးနီတူကို ဆီပူပူမှာ ကြော်ပါ။ ကြွပ်ပြီဆိုလျှင် ဆီစစ်ထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ကို လှော်ပြီး ကြိတ်ပါ။

 

ပြီးနောက် မျှင်ငါးပိ၊ သံပရာရည်၊ သကြားတို့ဖြင့် ရောပြီး အနှစ်လုပ်ထားပါ။

 

ပြီးရင်တော့ အခြားပါဝင်ပစ္စည်းများဖြစ်ကြတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ရှောက်ရွက်တို့ကို ပါးပါးလှီးပါ။

 

နောက်ဆုံး အမယ်အားလုံးစုံပြီဆိုလျှင် ရောနယ်ပြီး သုပ်လိုက်ပါ။

 

ပြီးရင် အပေါ့အငန်မြည်းကြည့်ပါ၊ အရသာအနေတော်ဖြစ်ပြီဆိုလျှင် ရခိုင်စတိုင် ငါးနီတူသုပ်လေးကို ထမင်းပူပူလေး ဟင်းချိုလေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 10 January 2019 11:02
Rate this item
(1 Vote)