Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မုန်လာဥချဉ်ဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ထမင်းမြိန်စေမည့်အပြင်

အရည်အသောက်ကလေးစားချင်သူများ အတွက် မုန်လာဥချဉ်ဟင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ မုန်လာဥအဖြူ၊ ခရမ်းချဉ်သီး၊ ငံပြာရည်၊ မန်းကျည်းသီး၊ ငါးပိစိမ်းစား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးမှုန့်နှင့် ဆီ တို့လိုအပ်ပါမယ်။

 

ပထမဆုံး မုန်လာဥကို အခွံနွှာပြီး ခပ်စောင်းစောင်းလေး လှီးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆီသတ်ဖို့အတွက် ထောင်းထားပါ။

 

ဒယ်အိုးထဲဆီထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် နနွင်းမှုန့်ကို ဆီသတ်ပါ။ အနံ့မွှေးပြီး ရွှေဝါရောင်သန်းလာလျှင် လှီးထားသော ခရမ်းချဉ်သီးကို ထည့်လိုက်ပါ။ ပြီးလျှင် ငရုတ်သီးအစိမ်းမှုန့်ကိုပါ ထည့်လိုက်ပါ။

 

ခရမ်းချဉ်သီးအရည်ခန်းပြီးဆီပြန်လာလျှင် ပုစွန်ခြောက်၊ ငံပြာရည် ထည့်လိုက်ပါ။ ပြီးလျှင် လှီးထားသော မုန်လာဥလေးတွေကို ထည့်လိုက်ပါ။

 

ပြီးလျှင် မန်းကျည်းမှည့်အရည်နှင့် ငါးပိစိမ်းစား အနည်းငယ် ထည့်လိုက်ပြီး အဖုံးအုပ်ထားပါ။ မုန်လာဥကျက်လာတဲ့အထိ ရေထည့်ပြီး ချက်ပေးရပါမယ်။

 

ပြီးလျှင် အပေါ့အငန်မြည်းပြီး ထပ်တည်ထားပါ။ နောက်ဆုံးမှ နံနံပင်၊ ငရုတ်သီးစိမ်းလေးတွေကို ထပ်ထည့်၍ လည်း ရပါတယ်။ ပြီးလျှင်တော့ အရသာရှိသော မုန်လာဥချဉ်ဟင်းလေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:39
Rate this item
(0 votes)