Myanmar
ကလေးများအကြိုက်တွေ့စေမည့် ကြက်သွန်မြိတ်နှင့် ပြောင်းဖူးကိတ်
ကလေးများအကြိုက်တွေ့စေမည့်အပြင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကြက်သွန်မြိတ်နှင့် ပြောင်းဖူးကိတ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ဂျုံ၊ ဘေကင်ပေါင်ဒါ၊ သကြား၊ ပြောင်းဖူးမှုန့်၊ နွားနို့၊ ဆား၊ ပြောင်းဖူး၊ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ကာနိုလာဆီ၊ ခရင်မ် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဖန်ဇလုံတစ်လုံးထဲသို့ ဂျုံ၊ ဘေကင်ပေါင်ဒါ၊ သကြားနှင့် ဆားတို့ကို ရောမွှေပြီး ခဏဘေးဖယ်ထားပါ။
ပြီးလျှင် ဖန်ဇလုံထဲသို့ ပွက်ပွက်ဆူနေသောရေနှင့် ပြောင်းဖူးမှုန့်များကို ရောမွှေပါ။
ပြီးနောက် နွားနို့ထည့်ပြီး ချောမွေ့ သည်အထိ မွှေပေးပါ။
ပြီးရင်တော့ ပြောင်းဖူးစေ့၊ ကြက်ဥ၊ ကြက်သွန်မြိတ်များထည့်ပြီး သေချာရောအောင် ရောမွှေပေးပါ။ ပြီးလျှင် ဂျုံရောများ ထည့်ပြီး နှစ်ခု အသေအချာအောင် ခလောက်မွှေပါ။
ပြီးလျှင် အကြော်အိုးထဲ ဆီထည့်ပြီး မီးအသင့်အသင့်ဖြင့် အပူပေးပါ။ ပြီးရင် ဇွန်းဖြင့်ခပ်၍ ဒယ်အိုးထဲထည့်ပြီး ကြော်ပေးပါ။
ပြောင်းဖူးကိတ်များ ရွှေရောင်သန်းလာလျှင် တစ်ဖက်လှန်ပေးပါ။ နှစ်ဖက်စလုံး ရွှေရောင်သန်းလာလျှင် ရပါပြီ။
ပြီးရင်တော့ ပြောင်းဖူးကိတ်ပေါ် ခရင်မ်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
Read More >>>>> ၀က်ခေါက်ကင်ပြုလုပ်နည်း