Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ချဉ်ပေါင်သီး ငါးပိကြော်

ချက်ရတာလည်းလွယ်ကူပြီး ထမင်းမြိန်စေမယ့် ချဉ်ပေါင်သီး ငါးပိကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ချဉ်ပေါင်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း၊ နနွင်းမှုန့်၊ ဆီ၊ ငါးပိ၊ ဟင်းခတ်မှုန့်၊ ဆား တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ချဉ်ပေါင်သီးကို ရေစိမ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အခွံနွှာပြီး ရောထောင်းထားပါ။ ပုစွန်ခြောက်ကိုလည်း ထောင်းပေးထားပါ။

 

ပြီးနောက် ငရုတ်သီးစိမ်းကို ရေဆေးထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ထောင်းထားတာကို ဆီသတ်ပေးပါ။

 

ပြီးနောက် နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ ပြီးလျှင် ပုစွန်ခြောက်ထောင်းထားတာ ထည့်ကြော်ပါ။

 

ပြီးနောက် ငရုတ်သီးအကြမ်းဖတ်ကို ထည့်ကြော်လိုက်ပါ။

 

ပြီးရင်တော့ ရေစိမ်ထားတဲ့ ချဉ်ပေါင်သီးများကို ထည့်ကြော်လိုက်ပါ။

 

နွမ်းလာလျှင်တော့ ငါးပိကို ထည့်မွှေလိုက်ပါ။ ပြီးလျှင် အရသာအတွက် ဆား၊ အသားမှုန့်ထည့်လိုက်ပါ။

 

နောက်ဆုံး ကျက်ခါနီး ငရုတ်သီးစိမ်းအုပ်ပြီးပြီဆိုရင်တော့ မီးဖိုပေါ်မှချလိုက်ပါ။ 

Read times Last modified on Wednesday, 06 February 2019 13:24
Rate this item
(1 Vote)