Myanmar
ဘယ်လိုပုံစံနဲ့ကြက်ဟင်းခါးသီးကို ကြော်စားကြမလဲ
ကြက်ဟင်းခါးသီး ဆိုသည့်အတိုင်း နာမည်နှင့် လိုက်ဖက်အောင် ၎င်း၏အရသာမှာ အတော်အတန် ခါးတာကို စားဖူးသူတိုင်း သိကြမှာပါ။
သဘာဝအလျောက် အသီး၏အပြင်ဘက်တွင် အဖုအထစ်များဖြင့် ရုပ်ဆိုးသည် ဟု ဆိုနိုင်ပါတယ်။ ထိုအဖုအထစ်များ စိပ်လျှင်အရသာမှာ ပိုခါး၍၊ အဖုအထစ် ကျဲပါက အခါးသက်သာပါတယ်။ ကြက်ဟင်းခါးသီး အမျိုး အစား(၂)မျိုးရှိပါတယ်။
(၁)၂၀-စင်တီမီတာထိ ရှည်လျားသော အရှည်သီးမျိုးသည် အစိမ်းရောင် ဖျာ့ကာ၊ အရသာမှာ အခါးလျော့ပါတယ်။
(၂) နောက်တစ်မျိုးမှာ ၁၀-စင်တီမီတာ ခန့် သာရှည်ပြီး အစိမ်းပုပ်ရောင် ဖြစ်ကာ အောက်ခြေတွင် ဘဲဥပုံသဏ္ဍာန် ရှိပါတယ်။ ထိုအသေးမျိုး သည် အကြီးမျိုးထက် အရသာ ပိုခါးပါတယ်။
ကြက်ဟင်းခါးသီးတို့ သည် မှည့်သွားသောအခါ ၀ါလိမ္မော်ရောင်ပြောင်းသွားပြီး၊ အခါးဓာတ်လဲ ပိုလာပါတတ်လို့  အသီးမမှည့်ခင် အပင်မှ ခူးဆွတ်ပေးရပါမယ်။
ကြက်ဟင်းခါးသီးထဲတွင် အချွန် အတက်များဖြင့် အတန်ငယ် မာကျောသော အဖြူရောင် အစေ့များပါရှိပါတယ်။
ဘူးသီးစေ့ နှင့် ခပ်ဆင်ဆင်တူပါသည်။ အသီးမှည့်သွားတဲ့အခါ၊ အထဲတွင်ရှိသော အစေ့သည် အနီရောင် သို့  ပြောင်းသွားကြပါတယ်။
အခါး ဓာတ်ပြေပျောက်စေရန်အတွက် မချက်ပြုတ်မီ လိုအပ်သည့် ပုံစံလှီးဖြတ်ပြီး၊ ဆားရည်ထဲတွင် နာရီဝက် ခန့် ကြိုတင်၍ စိမ်ပေးထားရပါမယ်။
ကြက်ဟင်းခါးသီး ကို ပုစွန်ခြာက်မှုန့်  ဖြင့်ကြော်စားကြသလို၊ မြေပဲထောင်းဖြင့်လည်း သက်သက်လွတ် ကြော် စားနိုင် ပါတယ်။
ဝက်သားနုပ်နုပ်စင်းကာ ကြက်ဟင်းခါးသီးအစာသွပ်အဖြစ် နှပ်စား၍သော် လည်းကောင်း၊ ရေလုံပြုတ် (သို့ မဟုတ်)မီးအုံ၍သော်လည်းကောင်း၊ ငပိရည်အတို့ အမြုံ့  အဖြစ်လည်း စားနိုင်ပါတယ်။
ကြက်ဟင်းခါးသီးကြိုက်သူတိုင်းက ယင်းအရသာ ခါးခါးလေးကိုဘဲ ခံတွင်းတွေ့ကြပါတယ်။