Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီးထပ်သီးညှပ် စိုက်ပျိုးသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းသောကြောင့် စိုက်ပျိုးသူ များလာ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်  လဲဂွကျေးရွာတောင်သူများသည် ဥယျာဉ်ခြံမြေများတွင်

သီးထပ်သီးညှပ်များ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းသောကြောင့် စိုက်ပျိုးမှု   ပိုမိုများလာကြောင်း သိရပါတယ်။

 

''ကျွန်မကတော့ သခွားခင်းထဲ ရုံးပတီ ညှပ်စိုက်ထားပါတယ်။ နှစ်မျိုးလုံး တစ်ပြိုင်တည်းပေါ်တော့  ဈေးကောင်းရတယ်။ သခွားကတော့ စိုက်ပြီး ၄၅ ရက်မှာစပြီး သီးတယ်။ သခွားသီး တစ်လုံးကိုငွေကျပ် ၁ဝဝ ရောင်းရပြီး    သုံးရက်တစ်ခါ ခူးရတယ်။

 

တစ်ခါခူးရင် အလုံး ၂၅ဝ ပုံမှန်ရတယ်။  ဒီလိုပဲ  ရုံးပတီသီးကလည်း ၄၅ ရက်နဲ့စပြီး ခူးရောင်းတာ တစ်ပိဿာငွေကျပ် ၁ဝဝဝ ရောင်းရတယ်။ တစ်ခါခူးရင် ပိဿာချိန် ၂ဝ ခန့်ပုံမှန်ခူးရပါတယ်''ဟု  စိုက်ပျိုးရေး လုပ်ကိုင်သူ ၏ ပြောကြားချက်အရ သိရပါတယ်။

 

သီးထပ်သီးညှပ် စိုက်ပျိုးကြသည့် အချို့ဟင်းသီးဟင်းရွက်များသည် ပြိုင်တူပေါ်တတ်ကြပြီး မာလကာနှင့် သင်္ဘောတွဲ၍ စိုက်ပျိုးပါက သင်္ဘောသီးက အရင်ပေါ်၍   သင်္ဘောသီး ရာသီကုန်မှ မာလကာသီး စပေါ်ကြောင်း မာလကာစိုက်တောင်သူ၏ ပြောကြားချက်အရ သိရပါတယ်။

 

ထွက်ရှိလာသည့် သစ်သီး၊ ဟင်းရွက်များကို ပွဲစားများက ယာခင်း၊ ဥယျာဉ်ခြံမြေထဲထိ လာရောက်ဝယ်ယူတတ်ပြီး အချို့သော စိုက်ခင်းပိုင်ရှင်များသည် ကျောက်ပန်းတောင်း မြို့မဈေးသို့ ကိုယ်တိုင်သွား၍ ရောင်းချကြပါတယ်။ ကျောက်ပန်းတောင်း မြို့နယ်အတွင်း လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ မုန့်ကုန်းကျေးရွာ၊ လက်ပံ့အိုင့်ကျေးရွာ တို့တွင်    သီးထပ်သီးညှပ်   စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawady

 

Read More >>>>>  ဝဥများကို ဝပေါင်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု ဝင်ငွေရရှိ

 

Read times Last modified on Tuesday, 18 September 2018 11:40
Rate this item
(2 votes)