Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မှိုနှင့် ကြက်သားဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အစားအသောက်ဆန်းဆန်းလေးစားချင်သူများအတွက်

မှိုနှင့် ကြက်သားဟင်းချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်၊ ချင်း၊ ဆီ၊ မှိုတို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို အရွယ်တော်တုံးကလေးများတုံး၍ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်နှင့် ရောနယ်ထားပါ။



ပြီးလျှင် ကြက်သွန်ဖြူ နဲ့ ချင်း ကို အခွံနွှာပြီး ညက်အောင်ထောင်း၍ ကြက်သားနဲ့ ရောနယ်ထားပါ။ ကြက်သွန်နီ ကို အကွင်းလိုက်လှီးထားပါ။



ပြီးနောက် မှိုခြောက်ကို ရေစိမ်၍ မှိုနူးပြီဆိုရင် ကိုယ်လိုချင်တဲ့အရွယ် ပိုင်းဖြတ်ထားပါ။



ဟင်းချက်မယ့်အိုးထဲကို နယ်ထားသည့်ကြက်သား၊ အကွင်းလိုက်လှီးထားသည့် ကြက်သွန်နီ၊ ဆီထည့်ပြီး ရေကို မြုပ်အောင်ထည့်၍ တည်ထားပေးပါ။



ကြက်သားကျက်ရင် ပိုင်းဖြတ်ထားတဲ့ မှိုထည့်ပြီး သမအောင် ရောမွှေပါ။ ရေခန်းလို့ ဆီပြန်ရင် ဟင်းအိုးချပြီး ထမင်းပူပူလေးနှင့် အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:44
Rate this item
(1 Vote)