Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေး နှမ်း၊ မြေပဲနှင့် ဆီဈေးနှုန်းအခြေအနေ

မန္တလေး နှမ်း၊ မြေပဲနှင့် ဆီဈေးနှုန်းအခြေအနေ

TO GET INSTANT UPDATE 

Join Telegram Channel

https://t.me/Guid4U

 

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ) ဈေးနှုန်းမှာ လုပ်ငန်းသမား ဝယ်ယူမှုနည်း၍ အရောင်းအဝယ်အေးခြင်းကြောင့် ဆောင်းလက်ကျန် နည်းသော်လည်း အမြင့်ဆုံး ၆၈၀,၀၀၀ ကျပ်မှ ၆၅၀,၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ မြေပဲ (ဆီဆံ) မှာမူ ဆီစက်သမားပုံမှန်ဝယ်ယူမှုရှိခြင်း ကြောင့် အရည်အသွေးအမြင့်ဆုံး ၆၃၀,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

Ko Tin Aung

Click Here >>> Ko Tin Aung

 

နှမ်း (ဖြူ၊ညို၊နက်) ဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ အသစ်ဝင်ရောက်မှုရှိပြီး လှောင်သမားနှင့် တရုတ်ဝယ် လက်နည်းခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ၃၂၀,၀၀၀ ကျပ်မှ ၃၁၀,၀၀၀ ကျပ်သို့ ဈေးမသိ မသာနိမ့်သွားပြီး နှမ်းညိုမှာ ၂၅၅,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းနက် (စမုံ) မှာ အရည်အသွေးပေါ် မူတည်၍ အနိမ့်ဆုံး အရည်အသွေး ၂၆၅,၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး အကောင်းဆုံး အရည်အသွေးမှာ ၄၅ပိဿာ ၃၁၀,၀၀၀ ကျပ်မှ ၂၉၀,၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ 

 

ပန်းနှမ်းမှာ ဆီစက်သမား အဝယ်နည်းသော်လည်း အဝင်နည်းခြင်း ပစ္စည်းနည်းခြင်းကြောင့် ၄၅ပိဿာ ၁၇၈,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဈေးနှုန်းမှာ ဆောင်းနေကြာအဝင်နည်းသေးခြင်း၊ ဆီစက်သမားအဝယ်ရှိ ခြင်းကြောင့် ၂၇ ပိဿာ ၁၀၅,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဆီဈေးနှုန်းများအနေဖြင့် ပဲဆီတစ်ပိဿာ ၁၁,၀၀၀ ကျပ် နှမ်းဆီတစ်ပိဿာ ၁၁,၀၀၀ ကျပ်၊ ပဲပုတ်ဆီတစ်ပိဿာ ၁၀,၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာ ၁၂,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်၊ ပဲပုတ်ဆီတစ်ပိဿာ ၅,၈၀၀ ကျပ်မှ ၆,၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

Source: MOALI

Myanmar Food Industry Guide

Read times Last modified on Friday, 24 February 2023 10:46
Rate this item
(0 votes)