Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုယ် ချစ်ခင်တဲ့ သူတွေပေးဖို့အတွက် အိမ်မှာ ကိုယ်တိုင်ချောက်ကလက်ပြုလုပ်လိုက်ကြရအောင်

Unicode

ကိုယ် ချစ်ခင်တဲ့ သူတွေပေးဖို့အတွက် အိမ်မှာ ကိုယ်တိုင်ချောက်ကလက်ပြုလုပ်လိုက်ကြရအောင်


ကိုယ် ချစ်ခင်တဲ့ သူတွေပေးဖို့အတွက်  ချောကလက်ကို အပြင်က ဝယ်ပေးလိုက်ရတာထက် ကိုယ်တိုင်လုပ်ထားတဲ့ ချောကလက်တွေဟာ လက်ဆောင်ရသူတွေအတွက် ပိုပြီး လေးနက်မယ်လို့ ထင်ပါတယ်။


ဒါကြောင့် ချောကလက်လေးတွေကို အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလမ်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

Confectionary (46)မုန့်မျိုးစုံလုပ်ငန်းများ (၄၆) ခုကိုရှာရန်နှိပ်ပါ။


ပါဝင်တဲ့ ပစ္စည်းတွေကတော့ နို့မှုန့်၊ cocoa အမှုန့်၊ ထောပတ်၊ မြေပဲ၊ သကြား တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ခွက်တစ်ခုထဲမှာ နို့မှုန့်နဲ့ cocoa အမှုန့်ကို ရောလိုက်ပါ။


ပြီးရင် ဒယ်အိုးထဲ ရေ၊ သကြားထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးထားပါ။ သကြားပျော်သွားရင် မီးလျှော့ပြီး ထောပတ်ထည့်ပါ။


ပြီးနောက် ထောပတ်ပါ အရည်ပျော်သွားမှ ရောမွှေထားသော နို့မှုန့်နဲ့ cocoa အမှုန့်ကို ထည့်ပြီး ဖြည်းဖြည်းချင်း မွှေပေးထားပါ။

 

Read More >>>>>  စားလို့အရမ်းကောင်းတဲ့ ပဲထမင်းချက်


တည်ထားအချိန်မှာ မီးနည်းနည်းနဲ့တည်ထားပါ။


ပြီးရင်တော့ မိမိကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲထည့်ပြီး၊ မြေပဲပါထည့်ပါ။


ပြီးနောက် ရေခဲသေတ္တာထဲမှာ ၂နာရီ (သို့) ၃နာရီ အအေးခံထားပေးရုံနဲ့  အရသာရှိတဲ့ ကိုယ်တိုင်လုပ်ချောကလက်ကို  ကိုယ် ချစ်ခင်တဲ့ သူတွေပေးဖို့အတွက် ဗူးလေးထဲထည့်၊ ပါကင်လှလှလေးလုပ်ပြီး လက်ဆောင်အဖြစ် ပေးနိုင်ပါတယ်။


Myanmar Food Industry Directory

 

 

 


 


 


 

Confectionary (46)မုန့်မျိုးစုံလုပ်ငန်းများ (၄၆) ခုကိုရှာရန်နှိပ်ပါ။

 


 


 


 


 


 


 


 


 


Read times Last modified on Saturday, 22 February 2020 09:05
Rate this item
(1 Vote)