Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကန်စွန်းရွက်သုပ်

ကန်စွန်းရွက်သုပ် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဟင်းရွက်သုပ်စားချင်သူများအတွက်

အိမ်တွင် ပြုလုပ်ရလွယ်ကူစေတဲ့ ကန်စွန်းရွက်သုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကန်စွန်းရွက်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ငရုတ်သီး၊ ငါးပိထောင်း၊ သံပရာသီး၊ ဆားနှင့် ဟင်းခတ်မှုန့်တို့လိုအပ်ပါမယ်။

 

ပထမဆုံး ကန်စွန်းရွက်ကို အရွက်ချွေ၊ ရေဆေးသန့်စင်ပြီးလျှင် ရေနွေးဖျောကာ မနွမ်းအောင် ချက်ချင်းပြန်ဆယ်၍ ဇကာနဲ့စစ်ထားပါ။ ကန်စွန်းရွက် ကြွပ်ကြွပ်ကလေးစားချင်တယ်ဆိုရင် ရေခဲရေနှင့် ထည့်စိမ်ပေးပါ။

 

 ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်၊ ငရုတ်ကောင်းတို့ကို လှော်ပြီးထောင်းထားပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် ငရုတ်ကောင်းများ ညက်ခါနီးရင် ငါးပိထောင်းလေးကို အနည်းငယ်ထည့်ထောင်းပါ။

 

ပြီးလျှင် ကန်စွန်းရွက်နှင့် စောနက ထောင်းထားတာတဲ့အမယ်အားလုံးရောပြီး နယ်လိုက်ပါ။ ပြီးလျှင် သံပရာသီး ညှစ်ထည့်ပါ။

 

ပြီးရင်တော့ ဟင်းခတ်မှုန့်နှင့် ဆား ထည့်၍ သုပ်လိုက်ရင်ဖြင့် လျှာလည်သွားအောင်စားကောင်းစေမယ့် ကန်စွန်းရွက်သုပ်ချဉ်ငံစပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 14:30
Rate this item
(1 Vote)