Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း RS-CS မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူများအား ဒုတိယအရစ် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း RS-CS မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူများအား ဒုတိယအရစ် ထောက်ပံ့ငွေပေးအပ် Moi.Gov

COVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း Rs-Cs မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအရစ် ထောက်ပံငွေပေးအပ်ခြင်းကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နံနက်(၉) နာရီခွဲ က လားရှိုးမြို့ ဟူးမွန်ကျေးရွာ ရှင်းလင်းဆောင်ခန်းမမှာ ကျင်းပခဲ့ပါသည်။

 

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာတဝှမ်းလုံး တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါကူးစက် ပျံ့ပွားလျက်ရှိသည့်အတွက် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့်တကွ နိုင်ငံတော်ရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ ထိခိုက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် CERP- COVID-19 Economic Relief Plan ကို ကဏ္ဍ အသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရမှစီစဉ်ရေးဆွဲဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးဧက(၁)သိန်း မျိုးသန့်ပွားများမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခု အပါအဝင် ဖြစ်ပါကြောင်း၊ ရှမ်းပြည်တွင်​​ဆောင်ရွက်မည့် မိုးစပါးမျိုးစေ့ထုတ်ဧက(၄၃၁၈)ကို မြို့နယ် ပေါင်း (၅၀)၊ ကျေးရွာပေါင်း (၂၅၉)ရွာမှာ တောင်သူ(၁၅၈၆)ဦးနှင့် ဆောင်ရွက်ရန် အတွက် နိုင်ငံတော်မှ စုစုပေါင်း(၆၄၁.၄၀၄)သန်း ထောက်ပံ့ပေးသွားမည်ဟု သိရှိရပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အနေဖြင့် မိုးစပါးဧက(၁၄၅၅) ကို မြို့နယ်ပေါင်း(၁၉)မြို့နယ်တွင် ကျေးရွာအုပ်စု (၈၅)ခုတွင် တောင်သူ(၅၇၆)နှင့် ဆောင်ရွက်မှာဖြစ်ကြောင်းသိရှိရပြီး မျိုးစေ့ထုတ် ဧက(၁၄၅၅) အတွက် မျိုးစေ့ဖိုး၊ အပင်ပြုစုခြင်း၊ မျိုးကွယ်ပယ်ခြင်း၊ မျိုးစေ့သန့်စင်ခြင်းစသည့် လုပ်အားခများအတွက် စုစုပေါင်း(၂၁၆.၀၈၆၅)သန်းကို နိုင်ငံတော် မှ (၂)ကြိမ်ခွဲ၍ ထောက်ပံပေးသွားမည် ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့်အခမ်းအနားတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်(၆)ခရိုင်အတွက် ဒုတိယအကြိမ် အဖြစ်(၁)ဧကလျှင် ကျပ်(၆၅၀၀၀) နှုန်း ဖြင့် ငွေကျပ် (၉၄.၅၇၅) သန်း ထောက်ပံ့ပေး သွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ယခု နိုင်ငံတော်မှ ပေးအပ်သော ထောက်​ပံ့ငွေများကို မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းတွင် အလေ အလွင့်မရှိအောင် အသုံးချ၍ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိအောင် ဌာနမှ ဝန်ထမ်းများအနေဖြင့် လည်း စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို မျက်ခြေမပြတ် တောင်သူများနှင့်အတူ ပညာပေး ကွင်းဆင်းဆောင်ရွက်ကြရန် မျိုးကွဲပယ်သည့်အချိန်များတွင်လည်း ကျွမ်းကျင်ပညာရှင်များ နှင့် အတူ တောင်သူများ အမြဲထိတွေ့ နိုင်ရန် မှာကြားလိုကြောင်း၊ တောင်သူများအကျိုးအမြတ်ရှိပြီး ရရှိပြီးအခွင့်အရေး များကို ကာကွယ်စောင့်ရှောက် ပေးနိုင်ရန် အတွက် စပါးမျိုးစေ့အရည်အသွေး ပြည့်မီသော မျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် အရေးကြီးသည့် မျိုးကွဲပယ်ခြင်း လုပ်ငန်းအတွက် ထောက်ပံပေးအပ် ခြင်းအားဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့်ပို့ကုန်မြှင့်တင်နိုင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသော စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးတို့အတွက် တောင်သူကြီး များနှင့်အတူ စိုက်ပျိုးရေးဌာန ဝန်ထမ်းများ၊ တာဝန်ရှိသူများအားလုံး တက်ကြွစွာ ဝိုင်းဝန်း ဆောင်ရွက်ကြရန် ပြောကြားသွားခဲ့ပါသည်။

 

 

ဆက်လက်၍ လားရှိုးခရိုင်၊ မိုးမိတ်ခရိုင်၊ ကျောက်မဲခရိုင်၊ လောက်ကိုင်ခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင်တို့ရှိ မိုးစပါးမျိုးသန့် မျိုးစေ့ထုတ်စိုက်ပျိုးမည့်တောင်သူများအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ပြည်နယ်ဥပဒေချုပ်တို့မှ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီးတောင်သူများ ကိုယ်စားဆုံကွယ်ကျေးရွာမှ ဦးထွန်းလှက ကျေးဇူးတင် စကား ပြောကြားကာ ဟူးမွန်မျိုးစေ့ ထုတ်မိုးစပါးစိုက်ကွင်းတွင် ပထမ အကြိမ်မျိုးကွဲပယ်ခြင်း နှင့် ပေါင်းနုတ် ခြင်း ကွင်းသရုပ်ပြမှုကို ကြည့်ရှုခဲ့ကြတယ်လို့သိရှိရပါသည်။

 

By Myanmar Food Guide

 

Moi.Gov

Read times
Rate this item
(0 votes)