Myanmar
ထမင်းမြိန်စေမယ့် မန်ကျည်းရွက်ထောင်း
မန်ကျည်းရွက်ပေါတုန်းလေးမှာ မန်ကျည်းရွက်ကို သုပ်စားရတာလည်း ရိုးနေသူတွေအတွက် နောက်တစ်မျိုး မန်ကျည်းရွက်ထောင်းနည်းလေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ မန်ကျည်းရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်၊ ငရုတ်သီးအကျက်မှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီ၊ မျှင်ငပိတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး မန်ကျည်းရွက်ကို အရိုးနွှင်ပြီး ရေစင်အောင်ဆေး၍ ဇကာဖြင့် ရေစစ်ထားပါ။
ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အခွံနွှာထားပြီး လှီးထားပါ။
Read More >>>>> မာလာဟင်းအနှစ်နဲ့ မာလာဆီမွှေး ပြုလုပ်နည်း
ပြီးနောက် ငရုတ်ဆုံထဲသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်ကို ထည့်ပြီး ထောင်းပေးထားပါ။ မျှင်ငပိကို ဖုတ်ပေးထားပါ။
ပြီးလျှင် မန်ကျည်းရွက်ထည့်၊ ဟင်းခတ်မှုန့်၊ မျှင်ငပိ၊ ငရုတ်သီးအကျက်မှုန့်၊ ဆား တို့ထည့်ပြီး ခပ်ဖွဖွလေးထောင်းပေးပါ။
ပြီးနောက် ထောင်းရင်းနဲ့ ခပ်စည်းစည်းလေးဖြစ်လာပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး အပေါ်မှ ဆီစိမ်းလေးကို ဆမ်းလိုက်ပါ။
ပြီးရင်တော့ ချဉ်ငံစပ် မန်ကျည်းရွက်ထောင်းလေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



