Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးအကြိုက် ချိစ်ပြောင်းဖူးကြော် လုပ်စားကြရအောင်

Unicode ဖြင့်ဖတ်ရန်

ကလေးအကြိုက် ချိစ်ပြောင်းဖူးကြော် လုပ်စားကြရအောင်


ကလေးများအကြိုက်တွေ့စေမယ့် ချိစ်ပြောင်းဖူးကြော်ပြုလုပ်နည်းလေးကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပြောင်းဖူး၊ ငရုတ်ပွ၊ ထောပတ်၊ ချိစ်၊ မရောနိစ်၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ပြောင်းဖူးကို ပြုတ်လိုက်ပါ။  ပြီးလျှင် ပြောင်းဖူးစေ့များကို ချွေထားပါ။ ငရုတ်ပွကို လည်း ကြိုက်နှစ်သက်ရာပုံစံ လှီးဖြတ်ထားပါ။

 

Soft Drink & Juice အအေးနှင့်ဖျော်ရည်လုပ်ငန်းပေါင်း ၉၃၃ ခုကိုရှာရန်နှိပ်ပါ။

 

ဆော့စ်ပြုလုပ်ရန်အတွက် မရောနိစ်၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို ရောပြီးသမအောင် မွှေပေးထားပါ။

 

ပြီးရင်တော့ ပြောင်းဖူး၊ ငရုတ်ပွနဲ့ ဆော့စ်တို့ကို သမအောင် ရောမွှေပေးထားပါ။

 

ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီးအပူပေးပါ။ ပြီးလျှင် ထောပတ်ကို ထည့်လိုက်ပါ။

 

ပြီးရင်တော့ ရောထားတဲ့ပြောင်းဖူးကို ထည့်လိုက်ပြီး ထည့်မွှေပေးထားပါ။

 

ပြီးနောက်ချိစ်ကို ထည့်ပြီး အဖုံးဖုံး၍ မိနစ်အနည်းငယ်ခန့် တည်ထားပေးပါ။

 

Read More >>>>>  ထမင်းမြိန်စေမယ့် ချဉ်ငံစပ် ဂွေးသီးငပိချက်

 

ချိစ်အရည်ပျော်သွားရင်တော့ မီးဖိုပေါ်မှ ချလိုက်ပါ။

 

နောက်ဆုံးမှ ပန်းကန်ထဲချိစ်ပြောင်းဖူးကြော်ကိုထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Industry Directory

 

 


 


 




 

Soft Drink & Juice အအေးနှင့်ဖျော်ရည်လုပ်ငန်းပေါင်း ၉၃၃ ခုကိုရှာရန်နှိပ်ပါ။

 


 


 


 


 


 

Read More >>>>>  ထမင်းမြိန်စေမယ့် ချဉ်ငံစပ် ဂွေးသီးငပိချက်

 


 


 


 

 

Read times Last modified on Monday, 17 February 2020 15:07
Rate this item
(0 votes)