Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဟင်းခါးသီးထောင်း

Unicode

 

ကြက်ဟင်းခါးသီးထောင်း    

 

ကြက်ဟင်းခါးသီးကို အများအားဖြင့် ကြော်စား၊ ချက်စားကြတာ များပါတယ်။  ကြက်ဟင်းခါးသီး သေးသေးနုနုလေးတွေက ထောင်းစားလို့ အတော်ကလေးကောင်းပါတယ်။

 

နေမကောင်းဖြစ်ပြီးခါစ ပါးစပ်ပျက်နေရင် ကြက်ဟင်းခါးသီးထောင်းလေးက တော်တော်ခံတွင်းလိုက်တဲ့ အတွက်ကြောင့် အောက်တွင် ကြက်ဟင်းခါးသီးထောင်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဟင်းခါးသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ မျှင်ငါးပိ၊ သံပရာသီး၊ ဆားတို့လိုအပ်ပါမယ်။

 

ပထမဦးစွာ ကြက်ဟင်းခါးသီး၊ ကိုင်းခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မီးကင်လိုက်ပါ။

 

Read More >>>>>  ထမင္းၿမိန္ေစမယ့္ ဝက္နံ႐ိုးႏွင့္ ပိႏၷဲသီး ေသာက္ဆမ္းခ်က္

 

ပြီးနောက် ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ မျှင်ငါးပိမီးကင်နှင့် ဆားတို့ကိုထည့်ပြီး ထောင်းပါ။

 

ပြီးလျှင် မီးကင်ထားသော ကြက်ဟင်းခါးသီးများကို အလယ်မှ အစေ့များဖယ်၍ ထည့်ပြီး မညက်တညက်ထောင်းပေးပါ။

 

ပြီးနောက် ကိုင်းခရမ်းချဉ်သီး ထည့်ထောင်း၍ သံပရာရည်လေး ညှစ်ပြီးရင်တော့ ထမင်းမြိန်စေမယ့် ကြက်ဟင်းခါးသီးထောင်းလေးကို ထမင်းပူပူလေးနဲ့သုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Industry Directory

 

 

 

 

ၾကက္ဟင္းခါးသီးေထာင္း   

 

ၾကက္ဟင္းခါးသီးကို အမ်ားအားျဖင့္ ေၾကာ္စား၊ ခ်က္စားၾကတာ မ်ားပါတယ္။  ၾကက္ဟင္းခါးသီး ေသးေသးႏုႏုေလးေတြက ေထာင္းစားလို႕ အေတာ္ကေလးေကာင္းပါတယ္။

 

ေနမေကာင္းၿဖစ္ၿပီးခါစ ပါးစပ္ပ်က္ေနရင္ ၾကက္ဟင္းခါးသီးေထာင္းေလးက ေတာ္ေတာ္ခံတြင္းလိုက္တဲ့ အတြက္ေၾကာင့္ ေအာက္တြင္ ၾကက္ဟင္းခါးသီးေထာင္းနည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းေတြကေတာ့ ၾကက္ဟင္းခါးသီး၊ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း၊ ပုစြန္ေျခာက္မႈန္႕၊ မွ်င္ငါးပိ၊ သံပရာသီး၊ ဆားတို႕လိုအပ္ပါမယ္။

 

ပထမဦးစြာ ၾကက္ဟင္းခါးသီး၊ ကိုင္းခရမ္းခ်ဥ္သီး၊ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္သီးစိမ္းတို႔ကို မီးကင္လိုက္ပါ။

 

ၿပီးေနာက္ င႐ုတ္ဆုံထဲမွာ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း၊ ပုစြန္ေျခာက္မႈန႔္၊ မွ်င္ငါးပိမီးကင္ႏွင့္ ဆားတို႔ကိုထည့္ၿပီး ေထာင္းပါ။

 

Read More >>>>>  ထမင္းၿမိန္ေစမယ့္ ဝက္နံ႐ိုးႏွင့္ ပိႏၷဲသီး ေသာက္ဆမ္းခ်က္

 

ၿပီးလွ်င္ မီးကင္ထားေသာ ၾကက္ဟင္းခါးသီးမ်ားကို အလယ္မွ အေစ့မ်ားဖယ္၍ ထည့္ၿပီး မညက္တညက္ေထာင္းေပးပါ။

 

ၿပီးေနာက္ ကိုင္းခရမ္းခ်ဥ္သီး ထည့္ေထာင္း၍ သံပရာရည္ေလး ညႇစ္ၿပီးရင္ေတာ့ ထမင္းၿမိန္ေစမယ့္ ၾကက္ဟင္းခါးသီးေထာင္းေလးကို ထမင္းပူပူေလးနဲ႕သံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

Read times Last modified on Thursday, 30 January 2020 14:42
Rate this item
(0 votes)